Zawgyi






Honor MagicWatch 2 ကို လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီးတော့ 42mm Agate Black Version ကို Yuan 1,099 (မြန်မာငွေ ၂ သိန်း ၄ သောင်းဝန်းကျင်) ၊ Charcoal Black 46mm Version ကို Yuan 1,199 (မြန်မာငွေ ၂ သိန်း ၆ သောင်းဝန်းကျင်) နဲ့ Flax Brown 46mm ၊ Sakura Gold 42mm Version တွေကို Yuan 1,399 (မြန်မာငွေ ၃ သိန်းဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena

Unicode

Honor ကနေ V30 Series ဖုန်းသစ်တွေနဲ့အတူ Smartwatch အသစ်ဖြစ်တဲ့ Honor MagicWatch 2 ကိုပါ မိတ်ဆက်ခဲ့ပါတယ်။ ဒီ Honor MagicWatch 2 Smartwatch ရဲ့ အဓိကအားသာချက်ကတော့ Battery Life ပဲဖြစ်ပြီး Honor ရဲ့ ပြောကြားချက်အရ တစ်ကြိမ်အားသွင်းထားရင် ၁၄ ရက်အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Honor MagicWatch 2 ဟာ Huawei Watch GT 2 လိုမျိုးပဲ Kirin A1 Chipset ကို အသုံးပြုထားပြီး 4GB Storage ပါဝင်မှာဖြစ်ပါတယ်။ Size အနေနဲ့တော့ 42mm နဲ့ 46mm ဆိုပြီး ၂ မျိုးထုတ်ထားသလို Display အနေနဲ့ 1.2″ နဲ့ 1.4″ 326PPI ရှိတဲ့ AMOLED Display တွေပါဝင်မှာပါ။ နာရီရဲ့ ကိုယ်ထည်ကိုတော့ 361L Stainless Steel နဲ့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Honor MagicWatch 2 ဟာ 5ATM Water Resistance ရှိတဲ့အတွက် ရေကူးတဲ့အချိန်မှာပါ အသုံးပြုနိုင်တဲ့အပြင် ရေကူးကန်မှာ အချိန်ဘယ်လောက်ယူပြီး ကူးခတ်ဖို့လိုအပ်သလဲဆိုတဲ့ SWOLF Score ကိုပါ တွက်ချက်ပေးမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Heart Rate ၊ လှုပ်ရှားနေတဲ့ Distance ၊ Speed နဲ့ Calories တွေကိုပါ တွက်ချက်နိုင်ဦးမှာပါ။

နောက်ထပ် Feature တွေအနေနဲ့ Heart Rate ပုံမှန်ထက် မြန်တာ သို့မဟုတ် နှေးတာတွေကိုပါ အသိပေးမှာဖြစ်သလို Stress များနေတယ်လို့ ယူဆရင်လည်း Breathing Exercise ပါ ပြုလုပ်ဖို့ ဖော်ပြသွားမှာဖြစ်ပါတယ်။ ဒ့ါအပြင် Sleep Disorder ၆ မျိုးအထိကိုလည်း သိရှိပြီး Track ပြုလုပ်နိုင်ဦးမှာပါ။ ဖုန်းနဲ့ ချိတ်ဆက်တဲ့အချိန်မှာလည်း Advanced Bluetooth Connectivity ကြောင့် ၁၅၀ မီတာ အကွာအဝေးထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Battery Life အနေနဲ့တော့ ပုံမှန် ရက်သတ္တပတ်ကို GPS Tracking မိနစ် ၉၀ ၊ ဖုန်းပြောဆိုမှု မိနစ် ၃၀ နဲ့ Music Playback မိနစ် ၃၀ ပြုလုပ်မယ်ဆိုရင် 46mm Version က ၁၄ ရက်ခန့်အသုံးပြုနိုင်မှာဖြစ်ပြီး 42mm Version ကတော့ ၇ ရက်ပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်တွေ့အသုံးပြုမှုမှာတော့ အခု ကြေညာထားတဲ့ရလဒ်နဲ့ ကွဲလွဲနိုင်ပါတယ်။

Honor MagicWatch 2 ကို လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီးတော့ 42mm Agate Black Version ကို Yuan 1,099 (မြန်မာငွေ ၂ သိန်း ၄ သောင်းဝန်းကျင်) ၊ Charcoal Black 46mm Version ကို Yuan 1,199 (မြန်မာငွေ ၂ သိန်း ၆ သောင်းဝန်းကျင်) နဲ့ Flax Brown 46mm ၊ Sakura Gold 42mm Version တွေကို Yuan 1,399 (မြန်မာငွေ ၃ သိန်းဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပါတတယ်။

Ref – GSM Arena