တရုတ် လူမှုကွန်ရက်တွေကတစ်ဆင့် ထွက်ပေါ်လာတဲ့ နောက်ဆုံးကောလာဟလသတင်းကတော့ Honor ဟာ Qualcomm ရဲ့ Chipset သစ်နဲ့ Mid-range ဖုန်းတစ်လုံးကို ပြုလုပ်နေတယ်ဆိုတာပဲ ဖြစ်ပါတယ်။ Qualcomm ရဲ့ Chipset ကတော့ တခြားမဟုတ်ဘဲ Snapdragon 6 Gen 1 ပဲ ဖြစ်ပါတယ်။

အကယ်၍ ဒီကောလာဟလက အမှန်တကယ်ဖြစ်ခဲ့ပြီး Honor ကလည်း ဒီ Chipset နဲ့ Mid-range ကို တကယ်ပဲ မြန်မြန်ဆန်ဆန်နဲ့ထုတ်ခဲ့မယ်ဆိုရင် တရုတ်အမှတ်တံဆိပ်ဟာ Snapdragon 6 Gen 1 အသုံးပြုထားတဲ့ ပထမဆုံးဖုန်းအဖြစ် ဈေးကွက်ထဲပို့နိုင်မယ်လို့ ခန့်မှန်းရပါတယ်။

Honor ရဲ့ ဖုန်းနဲ့ပတ်သက်ပြီး နောက်ထပ်ဖော်ပြလာတဲ့အချက်က Curved OLED screen ပါရှိမယ်ဆိုတာပါပဲ။ ဒါ့အပြင် 12GB of RAM, 256GB storage နဲ့ 6,000mAh ဘက်ထရီကိုလည်း ထောက်ပံ့လာဦးမယ်လို့ ဆိုထားပါသေးတယ်။ အခုအချိန်မှာ ဒီအချက်အလက်တွေအားလုံးကတော့ ကောလာဟလအဖြစ်နဲ့ပဲ ရှိနေသေးတာဖြစ်ပြီး အသိအမှတ်ပြု ဝက်ဘ်ဆိုက်တစ်ခုခုပေါ်မှာ တွေ့ရတာမျိုး မဟုတ်ဘူးဆိုတာတော့ အသိပေးချင်ပါတယ်။

Honor ဟာ ဘာစီလိုနာမှာပြုလုပ်မဲ့ ဒီနှစ်ရဲ့ MWC မှာ Magic5 series ကို ကြေညာဖို့အဆင်သင့်ဖြစ်နေပြီး Magic Vs Foldable ကိုလည်း နိုင်ငံတကာဈေးကွက်ဆီ ပို့ဆောင်ဖို့ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အခု တရုတ်လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ Mid-range ဖုန်းကတော့ ဘယ်အချိန်မှာ ကြေညာပြီး ဘယ်ဈေးကွက်မှာ ဖြန့်ချိမယ်ဆိုတာကို မသိရသေးပါဘူး။

Tipster ရဲ့ ဖော်ပြချက်အရ ဒီဖုန်းဟာ နောက်ဆုံးအဆင့် စမ်းသပ်ခြင်းကို ရောက်ရှိနေပြီလို့ သိရပါတယ်။

Ref: GSM Arena