Huawei ရဲ့ Brand အခွဲတစ်ခုဖြစ်တဲ့ Honor ဟာ လက်ရှိအချိန်မှာ Huawei စမတ်ဖုန်းတွေထက် ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်နေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် Laptop ဈေးကွက်ကတော့ Honor အတွက် အစိမ်းသပ်သပ်ဖြစ်နေတယ်လို့တောင်ပြောလို့ရပါတယ်။

Huawei ကိုယ်တိုင်ကတော့ Huawei Matebook Series Laptop တွေကို ထုတ်လုပ်ခဲ့ဖူးပေမယ့်လည်း Honor အနေနဲ့တော့ Laptop တွေမထုတ်လုပ်ခဲ့ဖူးသေးပါဘူး။ အဲ့ဒီအတွက်အခုအချိန်မှာတော့ Honor ကနေ Magicbook နာမည်နဲ့ 14″ Ultrabook တစ်ခုကို ထုတ်ပေးလိုက်ပါပြီ။

Honor MagicBook ဟာဆိုရင် 14″ Display ကို ဘေးဘောင်တွေအလွန်ပါးလွှာတဲ့ Display နဲ့ တည်ဆောက်ထားတဲ့အတွက် 13″ Ultrabook တစ်လုံးကို ကိုင်ဆောင်ရသလိုကိုခံစားရမှာဖြစ်ပါတယ်။ Display Resolution အနေနဲ့တော့ Full HD Resolution ရှိမှာဖြစ်ပါတယ်။

Honor MagicBook ဟာဆိုရင် စွမ်းဆောင်ရည်ပိုင်းအနေနဲ့တော့ မြင့်မားတယ်လို့ ဆိုနိုင်မှာဖြစ်ပြီးတော့ Intel ရဲ့ 8th Gen i7 နဲ့ i5 Processor တွေအပြင် 8GB RAM ၊ Nvidia MX150 2GB GDDR5 Graphic Card ပါဝင်မှာဖြစ်ပါတယ်။ Storage အနေနဲ့ကတော့ 256GB SSD ပါဝင်မယ်လို့လည်း သိရပါတယ်။

Honor MagicBook မှာ Dolby Atmos ကို Support ပြုလုပ်တဲ့ Speaker ၄ လုံးလည်း ပါဝင်ပြီးတော့ Laptop ကို Password ရိုက်နေစရာမလိုပဲ ဝင်လို့ရအောင် Fingerprint Scanner လည်း ပါဝင်ဦးမယ်လို့ သိရပါတယ်။

ဈေးနှုန်းအနေနဲ့တော့ Honor MagicBook တွေက ဒေါ်လာ ၈၀၀ ဝန်းကျင်ကနေ စတင်မှာဖြစ်ပြီးတော့ i7 Model ကိုတော့ ဒေါ်လာ ၉၀၀ ကျော်ပေးရမှာပဲဖြစ်ပါတယ်။ ဈေးနှုန်းအရတော့ များတယ်လို့ ပြောလို့ရပေမယ့် ပါဝင်တဲ့ Specifications တွေနဲ့ ယှဉ်ရင်တန်တယ်လို့တောင်ပြောရမှာပါ။