Huawei က Honor 30S မှာ Kirin 820 5G Chipset အသစ် ထည့်သွင်းထားမှာ ဖြစ်ပြီး 5G ဆက်သွယ်မှုဟာ လူသားတွေအတွက် ပိုအကျိုးရှိလာမယ်လို့ ပြောပါတယ်။ ကုမ္ပဏီက အဲဒီ Modem ဟာ စွမ်းအင် စားသုံးမှု နည်းပါးပြီး AI Scheduling Algorithms ကြောင့် ဒေတာ ပေးပို့တာ ပိုမြန်ပါတယ်လို့ ပြောပါတယ်။ Huawei က လူဦးရေ သိပ်သည်းတဲ့ ဒေသတွေမှာတောင် လိုင်းဆွဲအား တည်ငြိမ် ကောင်းမွန်တဲ့ ထိပ်တန်းအဆင့် နည်းပညာကိုလည်း ရှင်းပြခဲ့ပါတယ်။

Modem က Base Stations အသစ်တွေကို မြန်မြန်ဆန်ဆန် ရှာဖွေ ချိတ်ဆက်ပေးနိုင်တဲ့အတွက်လည်း လိုင်းဆွဲအား တည်ငြိမ်စေမှာ ဖြစ်ပါတယ်။ Kirin 820 Modem က Dual-SIM ဖုန်းတွေကို ထောက်ပံ့ပြီး ကဒ် ၁ ခုနဲ့ VoLTE Call ပြုလုပ်နေချိန်မှာ နောက် ကဒ် ၁ ခုနဲ့ 5G Data ကို သုံးနိုင်ပါတယ်။ ကဒ် ၁ ခုဟာ VoLTE Call ကြောင့် မအားဘူးဆိုရင် နောက် ကဒ် ၁ ခုကနေ Incoming Calls တွေ ရနိုင်ပါတယ်.

Huawei က Mali-G77 GPU ပါမယ်ဆိုတာကို အတည်မပြုသေးပါဘူး။ စွမ်းရည်မြင့် Kirin 990 5G မှာ G76 Cores တွေ သုံးထားတဲ့အတွက် HiSilicon အတွက်တော့ ဒါ ပထမဆုံး ဖြစ်ပါတယ်။ အဲဒီ Chipset မှာ 40W Fast Charging နဲ့ တခြား အလန်းစား စွမ်းရည်တွေကို ထောက်ပံ့နိုင်ပါတယ်။ Honor နဲ့ Huawei တို့ဟာ Honor 30S ကို ကြေညာမယ့် မတ်လ ၃၀ ရက်နေ့မှာ သတင်းအချက်အလက် အသေးစိတ်ကို ကြေညာမှာပါ။

Ref : gsmarena