Honor က တရုတ်မှာ တက်ဘလက် အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Honor Pad X8 လို့ အမည်ပေးထားပြီး ၁၀.၁ လက်မ 1920x1200p IPS ထိတွေ့မျက်နှာပြင် တပ်ဆင်ထားပါတယ်။  MT8786 လို့ ခေါ်တဲ့ MediaTek Chipset ကို သုံးထားပါတယ်။ အဲဒီ Chipset မှာ 2.0GHz Cortex-A75 Core ၂ လုံးနဲ့ 1.8GHz Cortex-A55 Core ၆ လုံး ပါတဲ့ Octa-core CPU တပ်ဆင်ထားတယ်လို့ သိရပါတယ်။

Honor Pad X8 is official with unannounced chipset, ancient Android version

Honor Pad X8 မှာ 6GB RAM , 64GB or 128GB Storage တွေ ထည့်သွင်းထားပြီး အနောက်ဘက်မှာ 5MP ကင်မရာ ၁ လုံးနဲ့ အရှေ့ဘက်မှာ 2MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ ဘက်ထရီက 5,100mAh ဖြစ်ပြီး ၃ နှစ်လောက်ကြာပြီဖြစ်တဲ့ Android 10 အခြေပြု Honor Magic UI 4.0 ထည့်သွင်းထားတာက စဉ်းစားလို့ မရပါဘူး။

Honor Pad X8 is official with unannounced chipset, ancient Android version

အရွယ်အစား အပြည့်အစုံက 240.2 x 159 x 7.55 mm ဖြစ်ပြီး အလေးချိန်က ၄၆၀ ဂရမ် ရှိပါတယ်။ Dawn Blue ၁ ရောင်ထဲ ထုတ်လုပ်ထားပြီး တရုတ်မှာ မှာယူနိုင်ပြီ ဖြစ်ပါတယ်။ အစောပိုင်း ဈေးနှုန်း အနေနဲ့ တရုတ် ယွမ် ၁,၂၉၉ သတ်မှတ်ထားပြီး ၁၈၆ ဒေါ်လာ ဝန်းကျင်  ရှိပါတယ်။ နောက်ပိုင်းမှာ ၁,၃၉၉ ယွမ် ( ဒေါ်လာ ၂၀၀ ဝန်းကျင်) နဲ့ ရောင်းချမှာ ဖြစ်ပြီး Mint Green အရောင်ကို နောက်ပိုင်းမှာ ရောင်းချမှာပါ။

Honor Pad X8 ကို တရုတ် ပြင်ပမှာ ရောင်းချမလားဆိုတာ မသိရသေးပါဘူး။

Ref : gsmarena