မေလရဲ့ အစောဆုံးရက်တုန်းက Honor Play 30 ရဲ့ အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ တစ်ပတ်ကျော်ကြာပြီးချိန်မှာတော့ Honor Play 30 ဟာ တရားဝင်ထွက်ပေါ်လာပါပြီ။ Entry-level စမတ်ဖုန်းဟာ Snapdragon 480 ကို အသုံးပြုထားပြီး 5G ကွန်ရက်ကိုလည်း ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Honor Play 30 ဟာ 720p resolution နဲ့ 6.5-inch LCD display ကို တပ်ဆင်ထားပြီး 5MP selfie ကင်မရာကို Waterdrop notch နဲ့အတူ တပ်ဆင်ထားပါတယ်။ ကျောဘက်ဒီဇိုင်းကတော့ နောက်ဆုံးထွက်ရှိထားတဲ့ Play series ဖုန်းဖြစ်တဲ့ Play 6T Pro ကို သတိရစေသလို Apple ရဲ့ ဒီဇိုင်းအချို့ကိုလည်း သတိရမိစေမှာ ဖြစ်ပါတယ်။

ကျောဘက်က လေးထောင့်ကင်မရာကျွန်းပေါ်မှာတော့ 13MP ကင်မရာတစ်လုံးနဲ့ LED flash တစ်ခုသာ ရှိနေပါတယ်။ Qualcomm chipset ကို 4GB ဒါမှမဟုတ် 8GB of RAM နဲ့ တွဲဖက်ထားပြီး သိုလှောင်မှုပမာဏကတော့ 128GB ဖြစ်ပါတယ်။ MicroSD slot ပါဝင်ပြီး နောက်ထပ် 512GB အထိ တိုးချဲ့နိုင်မှာလည်း ဖြစ်ပါတယ်။

Honor Play 30 ဟာ Android 11 အခြေခံ Magic UI 5.0 နဲ့ ထွက်လာမှာဖြစ်ပါတယ်။ 5,000mAh ပမာဏဘက်ထရီကို တပ်ဆင်ပေးထားပေမဲ့ USB-C ပေါက်ကတစ်ဆင့် 10W မြန်နှုန်းနဲ့ပဲ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ အခြားအချက်အလက်တွေအဖြစ် 3.5mm audio jack, Wi-Fi 802.11 a/b/g/n/ac နဲ့ Bluetooth 5.1 တို့ ထောက်ပံ့ထားပါတယ်။ အရောင်ကတော့ Blue, Gold, Black နဲ့ White လေးရောင်ရှိပြီး ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။

Ref: GSM Arena