Honor က တရုတ်မှာ ဒီဇင်ဘာလတုန်းက Play 30 Plus ကို ကြေညာခဲ့ပြီး အခုတော့ ရိုးရိုး မော်ဒယ်ကို မကြာခင် ချပြတော့မှာပါ။ Honor Play 30 ကို တရုတ်က Ministry of Industry and Information Technology (MIIT) မှာ မှတ်ပုံတင်ထားပါတယ်။

Honor Play 30 Plus

MIIT မှာ Honor Play 30 ကို VNE-ANOO အဖြစ် စာရင်းသွင်းထားပြီး Specs အများစုကို ဖော်ပြထားပါတယ်။ အဲဒီ စမတ်ဖုန်းမှာ 2.2GHz Octa-core Processor မောင်းနှင်ထားမှာ ဖြစ်ပြီး ၆.၅၁ လက်မ HD+ TFT မျက်နှာပြင် ထည့်သွင်းထားပါတယ်။ 4,900mAh ဘက်ထရီ ပါလာမယ်လို့ ဖော်ပြထားပါတယ်။

Honor Play 30 Plus unveiled with a 90 Hz display, a Dimensity 700 SoC and a 5,000 mAh battery - NotebookCheck.net News

4/6/8/12GB RAM နဲ့ 64/128/256GB Storage တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး 512GB microSD Card စိုက်နိုင်မှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 13MP နဲ့ 5MP ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာရဲ့ Resolution ကို မသိရသေးပါဘူး။

Play 30 မှာ 5G ကွန်ရက်ကို အသုံးပြုနိုင်မှာ ဖြစ်ပြီး 10W Charging ပါလာမှာပါ။ အပြာ၊ အနက်၊ ငွေနဲ့ ရွှေရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး အထူက ၈.၆၈ မီလီမီတာနဲ့ အလေးချိန်က ၁၉၄ ဂရမ် ရှိပါတယ်။

MIIT မှာ Honor Play 30 ရဲ့ ဓါတ်ပုံတွေကို မဖော်ပြထားတဲ့အတွက် ဒီဇိုင်းကို မသိရသေးပါဘူး။ Honor က အဲဒီဖုန်းအတွက် Promo Campaign ကို မကြာခင် ပြုလုပ်တော့မယ်လို့ ထင်ရတဲ့အတွက် ဒီဇိုင်းကို လေ့လာလို့ရတော့မှာပါ။

Ref : gsmarena