Honor က ဒီ ၁ ပတ် အစောပိုင်းမှာ Play 9A ကို ကြေညာခဲ့ပြီး အခုတော့ Play 4T ကို ၉ ရက်နေ့မှာ မိတ်ဆက်မယ်လို့ သတင်းပေးလိုက်ပါတယ်။ Honor က Play 4T ရဲ့ Specs တွေကို မပြောသေးပေမယ့် ဖုန်းရဲ့ ပုံကြမ်း ဓါတ်ပုံ ၁ ပုံကို ဝီဘိုမှာ တင်လိုက်ပြီး မျက်နှာပြင်မှာ Notch မပါတာတွေ့ရပါတယ်။

ဒါပေမယ့် တရုတ်က နာမည်ကျော် Tipster ၁ ယောက်ဖြစ်တဲ့ Digital Chat Station က Play 4T ရဲ့ ဓါတ်ပုံ ၁ ပုံကို မျှဝေထားပြီး Waterdrop Notch မျက်နှာပြင်ကို မြင်ရပါတယ်။ Digital Chat Station က Play 4T မှာ ၆.၃ လက်မ FullHD+ OLED မျက်နှာပြင် တပ်ဆင်ထားပြီး Kirin 810 SoC မောင်းနှင်ထားမယ်လို့ ပြောပါတယ်။ 22.5W Fast Charging ပါတဲ့ 4,000mAh ဘက်ထရီ ပါလာနိုင်ပါတယ်။

Honor Play 4T မှာ စုစုပေါင်း ကင်မရာ ၄ လုံးပါလာမှာ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 48MP Main , 8MP နဲ့ 2MP ကင်မရာ ၃ လုံး ထည့်သွင်းထားနိုင်ပါတယ်။ 8MP က မြင်ကွင်းကျယ်နဲ့ 2MP က Depth ဆန်ဆာ ဖြစ်နိုင်ပါတယ်။ ဒီသတင်းအချက်အလက်တွေကို Honor က မျှဝေထားတာ မဟုတ်တဲ့အတွက် တရားဝင် သတင်းအချက်အလက်တွေကို ၉ ရက်နေ့မှာ စောင့်ကြည့်ရမှာပါ။

Ref : gsmarena