ကိုရိုနာဗိုင်းရက် ကပ်ရောဂါကြောင့် ကုန်ပစ္စည်းတွေ ဈေးတက်နေပြီး အဲဒီထဲမှာ စမတ်ဖုန်းလည်း ပါနေပါတယ်။ Honor Play4 Pro ကို အမေရိကန်မှာ စွမ်းရည်မြင့် ဖုန်း ဈေးနဲ့ ရောင်းနေပါတယ်။ Honor Play4 Pro ဟာ 5G ဖုန်း ဖြစ်ပြီး eBay မှာ ၉၉၉ ဒေါ်လာနဲ့ ရောင်းနေပါတယ်။ တရုတ်မှာရောင်းတဲ့ ၄၂၃ ဒေါ်လာထက် ၂ ဆလောက်တောင် များနေပါတယ်။ ၉၉၉ ဒေါ်လာနဲ့ဆိုရင် Apple iPhone 11 Pro ကိုတောင် ဝယ်နိုင်ပါတယ်။ Honor Play4 Pro ကို တရုတ်မှာ ဒီလ အစောပိုင်းက ရောင်းပေးခဲ့ပြီး ဈေးသင့်တဲ့ ဖုန်း ၁ လုံး ဖြစ်ပါတယ်။

အမေရိကန်မှာ ဈေးတင်ရောင်းနေတဲ့ လျှို့ဝှက်ချက်က အဲဒီ ဖုန်းရဲ့ ကင်မရာတွေ၊ Chip တွေ ကြောင့် မဟုတ်ပါဘူး။ လူတွေ၊ အရာဝတ္ထုတွေရဲ့ အပူချိန်ကို တိုင်းတာပေးနိုင်တဲ့ IR Temperature Sensor ကြောင့် ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရက်စ် ရှိ၊ မရှိ စစ်ဆေးဖို့ ကိုယ်အပူချိန်တိုင်းတာတဲ့ ကိရိယာတွေ မလိုအပ်တော့ဘဲ အဲဒီ ဖုန်းရှိရင် အိုကေပါပြီ။

Honor Play4 Pro နဲ့ ကိုယ်အပူချိန် တိုင်းတာဖို့အတွက် စမတ်ဖုန်းကို လူ့ ကိုယ်ခန္တာအနားကို ကပ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် လူတွေနဲ့ အနီးကပ် ထိတွေ့ဆက်ဆံရမှာ ဖြစ်ပါတယ်။ သမားရိုးကျ ကိုယ်အပူချိန် တိုင်းတာတဲ့ ကိရိယာတွေနဲ့ဆိုရင်တော့ အနည်းငယ်ဝေးတဲ့ နေရာကနေ တိုင်းတာနိုင်ပါတယ်။

Ref : gizmochina