Honor ဟာ Huawei လက်အောက်ကနေ ခွဲထွက်ပြီး ကိုယ်ပိုင်စမတ်ဖုန်း Series တွေကို ဆက်တိုက်မိတ်ဆက်နေတာဖြစ်ပါတယ်။ အခုလည်း ဧပြီလ ၇ ရက်နေ့မှာ Honor Play 6T Series ဖုန်းတွေကို တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက်သွားဦးမှာပါ။

အခုတော့ တရားဝင်မိတ်မဆက်ခင် ရက်ပိုင်းအလိုမှာ Honor Play 6T Series ဖုန်းတွေမှာ Qualcomm Snapdragon Processor အစား MediaTek Processor ကိုပဲ အသုံးပြုသွားမယ်လို့ သတင်းထွက်ပေါ်လာပါပြီ။ ဒါပေမယ့်လည်း ဘယ် MediaTek Processor လည်းဆိုတာကို မသိရသေးဘဲ MediaTek Dimensity 820 Chipset တော့မဟုတ်ဘူးလို့ပဲ သိရပါတယ်။

Honor Play 6T Pro စမတ်ဖုန်းဟာ အစောပိုင်းတုန်းက TENAA မှာ ပေါက်ကြားခဲ့ပြီးတော့ 6.7″ Full HD+ Display ကိုမှ 120Hz Refresh Rate ပါဝင်မှာဖြစ်ပါတယ်။ RAM 8GB အပြင် 256GB Storage လည်းပါဝင်မယ်လို့သိရပြီး Camera အနေနဲ့ကတော့ 48MP + 2MP Macro Sensor တွေပါဝင်တဲ့ Dual Camera Setup ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 48MP Sensor ကို ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။

တခြားသော အချက်တွေအနေနဲ့တော့ 4000mAh Battery ပါဝင်မှာဖြစ်ပြီး 40W Fast Charging ကိုထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့ Android 12 ကို အသုံးပြုထားမှာဖြစ်ပြီး Honor ရဲ့ ကိုယ်ပိုင် Custom UI ကို အသုံးပြုလာမယ်လို့ သိရပါတယ်။

Ref – Gizmo China