Honor က စွမ်းရည်သင့် Tablet 9 ကို ကြေညာလိုက်ပြီး ရုပ်ရှင်၊ ဗီဒီယို ကြည့်ဖို့နဲ့ Content တွေ ဖန်တီးဖို့ အသားပေး တည်ဆောက်ထားပါတယ်။ ပါးလွှာ ပေါ့ပါးတဲ့ သတ္တု ကိုယ်ထည် တပ်ဆင်ထားပြီး အထူက ၆.၉၆ မီလီမီတာနဲ့ အလေးချိန်က ၅၅၅ ဂရမ် ဖြစ်ပါတယ်။ အဖြူ၊ အပြာနဲ့ အညိုရောင် ထုတ်လုပ်ထားပါတယ်။

The Honor Tablet 9 has an anti-glare display, Snapdragon 6 Gen 1 and pen support

Snapdragon 6 Gen 1 မောင်းနှင်ထားပြီး Core Processor ၈ လုံး ပါပါတယ်။ 12.1” IPS LCD 2560x1600p မျက်နှာပြင် ပါလာပြီး 500 Nits Brightness ထောက်ပံ့ထားပါတယ်။ အလင်းပြန်မှုကို ကာကွယ်ပေးတဲ့ မျက်နှာပြင်ကို သုံးထားပြီး Blue Light ကို လျှော့ချပေးပါတယ်။

စက္ကူနဲ့ တူတဲ့ အထူးထုတ် Screen Protector ကို ဝယ်ယူနိုင်ပြီး Honor က Soft Light လို့ ခေါ်ပါတယ်။ ဒစ်ဂျစ်တယ် ဘောပင်နဲ့ စာရေး၊ ပုံဆွဲရင် ကောင်းမွန်အောင် ဖန်တီးထားပါတယ်။ Honor ရဲ့ Notes App မှာ အသံကနေ စာသားကို ပြောင်းပေးနိုင်ပြီး ပုံဆွဲဖို့အတွက် Template တွေ ပါပါတယ်။

The Honor Tablet 9 has an anti-glare display, Snapdragon 6 Gen 1 and pen support

မိုက်ကရိုဖုန်း ၂ လုံးနဲ့ စပီကာ ၈ လုံးတောင် တပ်ထားတဲ့အတွက် အသံအရည်အသွေး ကောင်းမွန်ပါတယ်။ Honor က ဆူညံသံကို ဖျောက်ပေးပြီး အသံအရည်အသွေး ကောင်းစေတဲ့ Alogrithm ထည့်သွင်းထားပါတယ်။

Honor Tablet 9 မှာ 35W Charging ထောက်ပံ့တဲ့ 8,300mAh Battery ပါလာပြီး Android 13 အခြေပြု Honor MagicOS 7.2 မောင်းနှင်ထားပါတယ်။ 8/128GB, 8/256GB , 12/256GB နဲ့ 12/512GB တွေ ထုတ်လုပ်ထားပါတယ်။

တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁,၅၉၉ ယွမ် သတ်မှတ်ထားပြီး လက်ရှိပေါက်ဈေးအရ မြန်မာငွေ ၇၆၅,၀၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

Ref : gsmarena