Honor ဟာ သူတို့ရဲ့ ထုတ်ကုန်သစ်ဖြစ်တဲ့ Honor Tablet V6 အတွက် Teaser တွေ စတင်ထုတ်လွှတ်နေတာကို မြင်တွေ့ရပြီဖြစ်ပါတယ်။ Honor Tablet V6 ဟာ 5G ကွန်ရက်ကိုချိတ်ဆက်နိုင်ပြီး နောက်ဆုံးပေါ် Wi-Fi 6 standard လည်းထောက်ပံ့ထားတဲ့ ကမ္ဘာ့ပထမဆုံး Tablet ဖြစ်လာနိုင်ပါတယ်။

Honor Tablet V6 ဟာ တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီကြီးရဲ့ Honor အမှတ်တံဆိပ်အတွက် Flagship entry ထုတ်ကုန်သစ်လည်း ဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် စိတ်ဝင်စားဖွယ်ကောင်းတဲ့ Specs တွေကိုလည်း တွေ့မြင်ရမယ်လို့ ကုမ္ပဏီက အသိပေးထားပါသေးတယ်။

Teaser အရ Honor Tablet V6 ဟာ 5G ကွန်ရက်ကို ချိတ်ဆက်နိုင်ပြီး Dual band 5G ကိုလည်း နောက်ဆုံးပေါ် Wi-Fi 6 စံချိန်စံညွှန်းတွေနဲ့အတူ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဒါကြောင့် Download ပိုင်းမှာ ပိုကောင်းလာပြီး Cellular ရော Wi-Fi ချိတ်ဆက်မှုတွေမှာ Networking speed တွေလည်း ပိုပြီးကောင်းမွန်လာမယ်လို့ ဆိုနိုင်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က Honor Tablet V6 မှာ “Shadow Follow” function ပါဝင်မယ်ဆိုတဲ့ ကောလာဟလပါပဲ။ လက်ရှိအချိန်မှာတော့ Honor Tablet V6 နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်က သိပ်အများကြီးမရှိသေးပါဘူး။ ဒါပေမယ့် Weibo မှာပျံ့နှံ့နေတဲ့သတင်းအရ HiSilicon Kirin 820 Processor အသုံးပြုထားမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina