[Zawgyi]
Ref : fonearena
[Unicode]
Pop-up AI Camera နဲ့ ၅၅ လက်မ မျက်နှာပြင် ပါတဲ့ Honor TV ကို လာမယ့်လမှာ ကြေညာမည်
Honor ရဲ့ တီဗီကို သြဂုတ်လ ၁၀ ရက်မှာ ကြေညာတော့မှာပါ။ အခုတော့ တရုတ်နိုင်ငံ Guangzhou မှာ ကျင်းပတဲ့ 2019 Global Mobile Internet Conference (GMIC) and Science Revival Festival မှာ Honor ရဲ့ ဥက္ကဌ Zhao Ming က ကြေညာပွဲ မတိုင်ခင် အဲဒီ တီဗီရဲ့ အဓိက သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။ သူ့မှာ Honor ရဲ့ ဉာဏ်ရည်မြင့် Display SoC , Pop-up AI Camera တွေ ပါလာမှာပါ။
အဲဒီ တီဗီကို Honor Vision လို့ အမည်ပေးထားပါတယ်။ သူ့မှာ  Honghu 818 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး တီဗီကို Standard Version နဲ့ High Version ဆိုပြီး နှစ်မျိုးထုတ်လုပ်ထားမှာပါ။ Facial Recognition နဲ့ AI စွမ်းရည်တွေအတွက် Pop-up AI Camera ပါပြီး သူ့ကို HiSilicon NPU Chip က ထောက်ကူထားပါတယ်။
Honghu 818 Chipset မှာ Motion Estimate and Motion Compensation (MEMC), High Dynamic Range Imaging (HDR), Super-Resolution (SR), Noise Reduction (NR), Dynamic Contrast Improvement (DCI), Auto Color Management (ACM) နဲ့ Local Dimming (LD) တွေ အပါအဝင် Seven Image-processing နည်းပညာတွေ ပါပါတယ်။ Chipset က 8K ( 30fps) နဲ့ 4K ( 120fps) Video တွေကို ထောက်ပံ့ပါတယ်။ Chipset မှာ Histen Audio နည်းပညာလည်း ထည့်သွင်းထားပါတယ်။
Honor TV ကို တရုတ်မှာ JD.com , Vmall, Tmall နဲ့ Honor ရဲ့ ဝက်ဘ်ဆိုက်တွေကနေ Pre-booking လုပ်နိုင်ပြီလို့ သိရပါတယ်။ Honor က အိန္ဒိယမှာ မကြာခင် ရောင်းချမယ်လို့ ပြောပါတယ်။ လာမယ့်ရက်တွေမှာ သူ့ရဲ့ သတင်းအချက်အလက်တွေကို ပိုပြီး သိရတော့မှာပါ။
Ref : fonearena