Honor က ပိုက်ဆံအိတ်လို ကိုင်နိုင်တဲ့ Honor V Purse Concept Foldable ဖုန်းကို ပြသလိုက်ပါတယ်။ ဖက်ရှင်ကျလှပပြီး လဲလှယ်နိုင်တဲ့ ကြိုးတွေ ပါပါတယ်။ လက်ရှိမှာ အဲဒီဖုန်းဟာ Concept Device အဆင့်ပဲ ရှိသေးပေမယ့် အနာဂတ်မှာ ရောင်းချလာနိုင်ပါတယ်။

HONOR's wants you to wear this foldable phone like a purse — TechWar.GR

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable ဖုန်း ဖြစ်ပြီး ခေါက်ထားရင် အထူက ၉ မီလီမီတာပဲ ရှိကာ Honor Magic V2 ထက်တောင် ပိုမို ပါးလွှာပါတယ်။

Honor က Always On Display စတိုင်တွေကို ထည့်သွင်းထားပြီး အဲဒီ AOD စတိုင်တွေ ဖန်တီးဖို့  Honor က ကျွမ်းကျင်ပညာရှင်တွေကို တာဝန်ပေးထားပါတယ်။

အဲဒီပညာရှင်တွေထဲမှာ Burberry အမျိုးသား အဝတ်အထည်တွေရဲ့ ဒီဇိုင်း ဒါရိုက်တာ Bram Van Diepen ၊ အနုပညာရှင် Yunuene Esparza ၊ China Academy of Art International College ရဲ့ ပါမောက္ခ Yuan Youmin နဲ့ အနုပညာရှင် Xiao Hui Wang တို့ ပါပါတယ်။

သင့် အဝတ်အစားနဲ့ လိုက်ဖက်တဲ့ Honor V Purse ရဲ့ ကြိုးတွေကို ရွေးချယ်နိုင်ပါတယ်။ V Purse ရဲ့ ကြိုးတွေကို သားရေအတု အပါအဝင် ပြန်လည်ဖြည့်တင်းနိုင်တဲ့ ဒြပ်ထုတွေနဲ့ တည်ဆောက်ထားပါတယ်။

Honor V Purse ဟာ Concept အဆင့်ပဲ ရှိသေးတဲ့အတွက် မကြာခင် ရောင်းချမှာ မဟုတ်ပါဘူး။ Honor က AOD ဒီဇိုင်းအတွက် ပလက်ဖောင်းကို တည်ထောင်မှာ ဖြစ်ပြီး ကမ္ဘာအဝန်းက Developer နဲ့ Designer တွေက ဒီဇိုင်းတွေ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

Honor က ဟာ့ဒ်ဝဲတွေအကြောင်း အသေးစိတ်ကို မပြောသေးဘဲ အကြိမ် ၄၀၀,၀၀၀ ခေါက်ချိုးနိုင်တဲ့ Hinge တပ်ဆင်ထားတယ်လို့ ပြောပါတယ်။

Ref : gsmarena