Zawgyi

Honor ကေန အခုအခ်ိန္မွာ ကုမၸဏီရဲ႕ Flagship ဖုန္းသစ္ေတြျဖစ္လာတဲ့ Honor V30 နဲ႔ Honor V30 Pro စမတ္ဖုန္းေတြကို တရားဝင္မိတ္ဆက္လိုက္ၿပီျဖစ္ပါတယ္။ ဒီ စမတ္ဖုန္းေတြရဲ႕ အားသာခ်က္ကေတာ့ Kirin 990 Processor ကို အသုံးျပဳထားၿပီး 5G Support ရရွိမွာျဖစ္တဲ့အျပင္ Camera ပိုင္းကိုလည္း သိသိသာသာအဆင့္ျမႇင့္တင္ခဲ့တာျဖစ္ပါတယ္။

Display ပိုင္းမွာေတာ့ ဒီ V30 နဲ႔ V30 Pro ဖုန္း ၂ လုံးစလုံးမွာ တူညီတဲ့ 6.57″ Full HD+ LCD Display ကို အသုံးျပဳထားၿပီးေတာ့ Dual Selfie Camera အတြက္ Hole-punch Design ျပဳလုပ္ထားတာျဖစ္ပါတယ္။ Fingerprint Sensor ကလည္း ဖုန္းရဲ႕ ေဘးဘက္ Power Button နဲ႔အတူ ထည့္သြင္းထားတာျဖစ္ပါတယ္။

Camera ပိုင္းအေနနဲ႔ကေတာ့ V30 နဲ႔ V30 Pro စမတ္ဖုန္းေတြဟာ ကြာျခားခ်က္နည္းပါးၿပီး Primary Sensor အေနနဲ႔ 40MP Sony IMX 600 Dual OIS ၊ Laser Focus Sensor ကို သုံးစြဲထားတာျဖစ္ပါတယ္။ ဒါေပမယ့္ Honor V30 ရဲ႕ Aperture က f1.8 ျဖစ္ၿပီးေတာ့ V30 Pro မွာေတာ့ Low Light Performance ပိုေကာင္းတဲ့ f1.6 ကို အသုံးျပဳေပးထားတာပါ။ ေနာက္ထပ္ 8MP f2.4 OIS, 3x Optical Zoom Telephoto Sensor ကို ထည့္သြင္းေပးထားတာလည္း တူညီေနပါေသးတယ္။

ဒါေပမယ့္ Ultrawide Camera မွာေတာ့ ကြာျခားသြားၿပီး V30 မွာ ပုံမွန္ 8MP f2.4 Ultrawide Sensor ပဲ ပါဝင္မွာျဖစ္ေပမယ့္ V30 Pro မွာေတာ့ 16:9 Ultrawide Video ေတြ႐ိုက္ကူးဖို႔ အထူးျပဳလုပ္ထားတဲ့ 12MP f2.2 Sensor ထည့္သြင္းေပးထားတာျဖစ္ပါတယ္။

Selfie Camera ပိုင္းမွာေတာ့ ဒီ V30 Series ဖုန္း ၂ လုံးစလုံးမွာ 32MP Main Selfie Camera အျပင္ 8MP 105-degree Ultrawide Camera ကိုပါ ထည့္သြင္းေပးထားပါတယ္။

Performance ပိုင္းမွာဆိုရင္ ဒီ V30 Series ဖုန္းေတြက Kirin 990 Processor ၊ RAM 6GB | Storage 128GB ကေန RAM 8GB | Storage 256GB အထိေ႐ြးခ်ယ္ႏိုင္မွာပါ။ ဒါေပမယ့္ Honor V30 က ပုံမွန္ 7nm Kirin 990 Processor ကို Balong 5000 5G Modem နဲ႔အသုံးျပဳထားတာျဖစ္ၿပီး V30 Pro ကေတာ့ 5G Modem ပါဝင္ၿပီးသားျဖစ္တဲ့ 7nm+ Kirin 990 Processor ကို အသုံးျပဳထားတာျဖစ္ပါတယ္။

Software အေနနဲ႔ Android 10 ကို အေျခခံထားတဲ့ Magic UI 3.0.1 ကို အသုံးျပဳထားၿပီး GPU Turbo ၊ Kirin Gaming+ 2.0 လို Feature ေတြလည္းပါဝင္မွာျဖစ္ပါတယ္။ Battery ပိုင္းအေနနဲ႔ေတာ့ ဖုန္း ၂ မ်ိဳးစလုံး 4100mAh Battery ပါဝင္မွာျဖစ္ၿပီး 40W SuperCharge Fast Charging ကို Support ျပဳလုပ္မွာပါ။ V30 Pro မွာဆိုရင္ 27W Super Wireless Charge ပါ ပါဝင္ဦးမွာပါ။

Honor ကေနန 30 Series ဖုန္းေတြကို လာမယ့္ ဒီဇင္ဘာ ၅ ရက္ေန႔က စတင္ၿပီး Pre-order ေကာက္ယူသြားမွာျဖစ္သလို အေရာင္ေတြအေနနဲ႔လည္း Orange ၊ Pearl White ၊ Blue ၊ Black ဆိုၿပီး ေ႐ြးခ်ယ္ႏိုင္မွာျဖစ္ပါတယ္။

ေစ်းႏႈန္းေတြအေနနဲ႔ေတာ့ Honor V30 အေနနဲ႔ RAM 6GB ၊ 128GB Storage Version ကို Yuan 3,299 (ျမန္မာေငြ ၇ သိန္းဝန္းက်င္) ၊ RAM 8GB ၊ 128GB Storage Version ကို Yuan 3,699 (ျမန္မာေငြ ၈ သိန္းဝန္းက်င္) နဲ႔ေရာင္းခ်မွာျဖစ္ၿပီး V30 Pro ကိုေတာ့ RAM 8GB ၊ 128GB Version ကို Yuan 3,899 (ျမန္မာေငြ ၈ သိန္း ၄ ေသာင္းဝန္းက်င္) ၊ RAM 8GB ၊ 256GB Version ကို Yuan 4,199 (ျမန္မာေငြ ၉ သိန္းဝန္းက်င္) ေရာင္းခ်သြားမွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Honor ကနေ အခုအချိန်မှာ ကုမ္ပဏီရဲ့ Flagship ဖုန်းသစ်တွေဖြစ်လာတဲ့ Honor V30 နဲ့ Honor V30 Pro စမတ်ဖုန်းတွေကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒီ စမတ်ဖုန်းတွေရဲ့ အားသာချက်ကတော့ Kirin 990 Processor ကို အသုံးပြုထားပြီး 5G Support ရရှိမှာဖြစ်တဲ့အပြင် Camera ပိုင်းကိုလည်း သိသိသာသာအဆင့်မြှင့်တင်ခဲ့တာဖြစ်ပါတယ်။

Display ပိုင်းမှာတော့ ဒီ V30 နဲ့ V30 Pro ဖုန်း ၂ လုံးစလုံးမှာ တူညီတဲ့ 6.57″ Full HD+ LCD Display ကို အသုံးပြုထားပြီးတော့ Dual Selfie Camera အတွက် Hole-punch Design ပြုလုပ်ထားတာဖြစ်ပါတယ်။ Fingerprint Sensor ကလည်း ဖုန်းရဲ့ ဘေးဘက် Power Button နဲ့အတူ ထည့်သွင်းထားတာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ V30 နဲ့ V30 Pro စမတ်ဖုန်းတွေဟာ ကွာခြားချက်နည်းပါးပြီး Primary Sensor အနေနဲ့ 40MP Sony IMX 600 Dual OIS ၊ Laser Focus Sensor ကို သုံးစွဲထားတာဖြစ်ပါတယ်။ ဒါပေမယ့် Honor V30 ရဲ့ Aperture က f1.8 ဖြစ်ပြီးတော့ V30 Pro မှာတော့ Low Light Performance ပိုကောင်းတဲ့ f1.6 ကို အသုံးပြုပေးထားတာပါ။ နောက်ထပ် 8MP f2.4 OIS, 3x Optical Zoom Telephoto Sensor ကို ထည့်သွင်းပေးထားတာလည်း တူညီနေပါသေးတယ်။

ဒါပေမယ့် Ultrawide Camera မှာတော့ ကွာခြားသွားပြီး V30 မှာ ပုံမှန် 8MP f2.4 Ultrawide Sensor ပဲ ပါဝင်မှာဖြစ်ပေမယ့် V30 Pro မှာတော့ 16:9 Ultrawide Video တွေရိုက်ကူးဖို့ အထူးပြုလုပ်ထားတဲ့ 12MP f2.2 Sensor ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

Selfie Camera ပိုင်းမှာတော့ ဒီ V30 Series ဖုန်း ၂ လုံးစလုံးမှာ 32MP Main Selfie Camera အပြင် 8MP 105-degree Ultrawide Camera ကိုပါ ထည့်သွင်းပေးထားပါတယ်။

Performance ပိုင်းမှာဆိုရင် ဒီ V30 Series ဖုန်းတွေက Kirin 990 Processor ၊ RAM 6GB | Storage 128GB ကနေ RAM 8GB | Storage 256GB အထိရွေးချယ်နိုင်မှာပါ။ ဒါပေမယ့် Honor V30 က ပုံမှန် 7nm Kirin 990 Processor ကို Balong 5000 5G Modem နဲ့အသုံးပြုထားတာဖြစ်ပြီး V30 Pro ကတော့ 5G Modem ပါဝင်ပြီးသားဖြစ်တဲ့ 7nm+ Kirin 990 Processor ကို အသုံးပြုထားတာဖြစ်ပါတယ်။

Software အနေနဲ့ Android 10 ကို အခြေခံထားတဲ့ Magic UI 3.0.1 ကို အသုံးပြုထားပြီး GPU Turbo ၊ Kirin Gaming+ 2.0 လို Feature တွေလည်းပါဝင်မှာဖြစ်ပါတယ်။ Battery ပိုင်းအနေနဲ့တော့ ဖုန်း ၂ မျိုးစလုံး 4100mAh Battery ပါဝင်မှာဖြစ်ပြီး 40W SuperCharge Fast Charging ကို Support ပြုလုပ်မှာပါ။ V30 Pro မှာဆိုရင် 27W Super Wireless Charge ပါ ပါဝင်ဦးမှာပါ။

Honor ကနေန 30 Series ဖုန်းတွေကို လာမယ့် ဒီဇင်ဘာ ၅ ရက်နေ့က စတင်ပြီး Pre-order ကောက်ယူသွားမှာဖြစ်သလို အရောင်တွေအနေနဲ့လည်း Orange ၊ Pearl White ၊ Blue ၊ Black ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

စျေးနှုန်းတွေအနေနဲ့တော့ Honor V30 အနေနဲ့ RAM 6GB ၊ 128GB Storage Version ကို Yuan 3,299 (မြန်မာငွေ ၇ သိန်းဝန်းကျင်) ၊ RAM 8GB ၊ 128GB Storage Version ကို Yuan 3,699 (မြန်မာငွေ ၈ သိန်းဝန်းကျင်) နဲ့ရောင်းချမှာဖြစ်ပြီး V30 Pro ကိုတော့ RAM 8GB ၊ 128GB Version ကို Yuan 3,899 (မြန်မာငွေ ၈ သိန်း ၄ သောင်းဝန်းကျင်) ၊ RAM 8GB ၊ 256GB Version ကို Yuan 4,199 (မြန်မာငွေ ၉ သိန်းဝန်းကျင်) ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena