Zawgyi

Honor V30 စမတ္ဖုန္းဟာ ႏုိဝင္ဘာ ၂၆ ရက္ေန႔မွာ တရားဝင္မိတ္ဆက္လာေတာ့မွာျဖစ္ၿပီး ဒီဖုန္းရဲ႕ေရွ႕ဘက္မွာ Punch-hole ဒီဇုိင္းနဲ႔ Selfie ကင္မရာႏွစ္ခုတြဲ ပါဝင္မယ္ဆုိတာလည္း သိထားၾကၿပီးသားျဖစ္ပါတယ္။

ယေန႔မွာေတာ့ တရုတ္ဆုိရွယ္မီဒီယာ Weibo ေပၚမွာ Honor V30 အတြက္ Case ဒီဇိုင္းကို အေျခခံထားတဲ့ Render ပုံရိပ္ထြက္ေပၚလာခဲ့ၿပီး ဖုန္းရဲ႕ေနာက္ဘက္ဒီဇုိင္းကို ရွင္းလင္းစြာျမင္ေတြ႕ရပါတယ္။ ဖုန္းအသစ္ဟာ သတင္းေတြ ထြက္ထားသလို ေနာက္ေက်ာမွာ ကင္မရာအားလုံးအတြက္ စတုဂံပုံ Island အႀကီးတစ္ခု ထည့္သြင္းလာတာ ျမင္ရမွာပါ။ Fingerprint ကေတာ့ ကိုယ္ထည္ရဲ႕ေဘးဘက္မွာျဖစ္ပါတယ္။

Render ရဲ႕ပုံစံဟာ တကယ့္ဖုန္းဆီက အခ်က္အလက္ေတြကိုယူၿပီး တည္ေဆာက္ထားတာ မေသခ်ာတဲ့အတြက္ တကယ္တမ္းထြက္လာတဲ့အခ်ိန္မွာ အနည္းငယ္ကြဲလြဲတာလည္း ရွိႏုိင္ပါတယ္။ ဖုန္းရဲ႕ပုံရိပ္ထဲက “V” ပုံသ႑ာန္ အေရာင္ေျပးစတုိင္လ္ကလည္း Honor V20 ဆီက ကူးယူပုံေဖာ္ထားတာလုိ႔ ယူဆရပါတယ္။

ထြက္ရွိရက္ကို ေၾကညာၿပီးၿပီျဖစ္ေပမယ့္ Honor V30 နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို ကုမၸဏီက အတည္ျပဳေပးတာ နည္းပါးေနပါတယ္။ ဒီဖုန္းမွာ 5G ပါမွာျဖစ္တဲ့အတြက္ Kirin 990 ခ်စ္ပ္ဆက္ကို အသုံးျပဳလာမယ္လို႔ ခန္႔မွန္းရပါတယ္။ ဒါ့အျပင္ တရုတ္ျပည္ပေစ်းကြက္ေတြမွာ V30 ဆုိတဲ့အမည္နာမကို အျခားစမတ္ဖုန္းထုတ္လုပ္သူတစ္ဦးက ရယူထားၿပီးျဖစ္တဲ့အတြက္ Vera 30 ဆုိတဲ့ အမည္နဲ႔ေျပာင္းလဲထြက္ရွိလာမယ္လို႔လည္း ဆုိပါတယ္။

Ref – GSM Arena

Unicode

Honor V30 စမတ်ဖုန်းဟာ နိုဝင်ဘာ ၂၆ ရက်နေ့မှာ တရားဝင်မိတ်ဆက်လာတော့မှာဖြစ်ပြီး ဒီဖုန်းရဲ့ရှေ့ဘက်မှာ Punch-hole ဒီဇိုင်းနဲ့ Selfie ကင်မရာနှစ်ခုတွဲ ပါဝင်မယ်ဆိုတာလည်း သိထားကြပြီးသားဖြစ်ပါတယ်။

ယနေ့မှာတော့ တရုတ်ဆိုရှယ်မီဒီယာ Weibo ပေါ်မှာ Honor V30 အတွက် Case ဒီဇိုင်းကို အခြေခံထားတဲ့ Render ပုံရိပ်ထွက်ပေါ်လာခဲ့ပြီး ဖုန်းရဲ့နောက်ဘက်ဒီဇိုင်းကို ရှင်းလင်းစွာမြင်တွေ့ရပါတယ်။ ဖုန်းအသစ်ဟာ သတင်းတွေ ထွက်ထားသလို နောက်ကျောမှာ ကင်မရာအားလုံးအတွက် စတုဂံပုံ Island အကြီးတစ်ခု ထည့်သွင်းလာတာ မြင်ရမှာပါ။ Fingerprint ကတော့ ကိုယ်ထည်ရဲ့ဘေးဘက်မှာဖြစ်ပါတယ်။

Render ရဲ့ပုံစံဟာ တကယ့်ဖုန်းဆီက အချက်အလက်တွေကိုယူပြီး တည်ဆောက်ထားတာ မသေချာတဲ့အတွက် တကယ်တမ်းထွက်လာတဲ့အချိန်မှာ အနည်းငယ်ကွဲလွဲတာလည်း ရှိနိုင်ပါတယ်။ ဖုန်းရဲ့ပုံရိပ်ထဲက “V” ပုံသဏ္ဍာန် အရောင်ပြေးစတိုင်လ်ကလည်း Honor V20 ဆီက ကူးယူပုံဖော်ထားတာလို့ ယူဆရပါတယ်။

ထွက်ရှိရက်ကို ကြေညာပြီးပြီဖြစ်ပေမယ့် Honor V30 နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကုမ္ပဏီက အတည်ပြုပေးတာ နည်းပါးနေပါတယ်။ ဒီဖုန်းမှာ 5G ပါမှာဖြစ်တဲ့အတွက် Kirin 990 ချစ်ပ်ဆက်ကို အသုံးပြုလာမယ်လို့ ခန့်မှန်းရပါတယ်။ ဒါ့အပြင် တရုတ်ပြည်ပဈေးကွက်တွေမှာ V30 ဆိုတဲ့အမည်နာမကို အခြားစမတ်ဖုန်းထုတ်လုပ်သူတစ်ဦးက ရယူထားပြီးဖြစ်တဲ့အတွက် Vera 30 ဆိုတဲ့ အမည်နဲ့ပြောင်းလဲထွက်ရှိလာမယ်လို့လည်း ဆိုပါတယ်။

Ref – GSM Arena