[Zawgyi]

5G နည္းပညာဟာ လူသားေတြကို မ်ားစြာ အက်ိဳးျပဳႏုိင္တဲ့အတြက္ နည္းပညာ ကုမၸဏီေတြရဲ႕ မ်က္စိက်စရာ ျဖစ္ေနပါတယ္။ Samsung က Galaxy S10 Plus ရဲ႕ 5G Model ကို ထုတ္လုပ္ထားၿပီး Xiaomi , Vivo နဲ႔ OPPO တို႔ကလည္း ကိုယ္ပိုင္ 5G Smartphone ေတြကို ထုတ္လုပ္ေရာင္းခ်ေနၾကပါတယ္။ Huawei ရဲ႕ ကုမၸဏီခြဲ Honor ကလည္း ေနာက္ထုတ္မယ့္ စြမ္းေဆာင္ရည္ျမင့္ V30 မွာ 5G နည္းပညာ ထည့္သြင္းေပးထားမွာ ျဖစ္ပါတယ္။

Honor ရဲ႕ ဥကၠဌ Zhao Ming က ေနာက္ထုတ္မယ့္ V30 မွာ 5G ဆက္သြယ္မႈ ပါမယ္္လို႔ တရုတ္ လူမႈကြန္ရက္ ၀ီဘိုမွာ အတည္ျပဳလိုက္ပါတယ္။ ( အခ်ိဳ႕ႏိုင္ငံေတြမွာ View 30 နာမည္နဲ႔ ေရာင္းခ်ႏုိင္ပါတယ္။ ) 91Mobile က အဲဒီ စမတ္ဖုန္းမွာ Full 5G SA (standalone) နဲ႔ NSA (non-standalone) Network ေတြလည္း ပါမယ္လို႔ ေျပာပါတယ္။ ဒါေတြကလြဲၿပီး V30 ရဲ႕ အျခား သတင္းအခ်က္အလက္ေတြကို မသိရေသးပါဘူး။ Huawei က သူ႔ရဲ႕ပထမဆံုး 5G Smartphone ျဖစ္တဲ့ Mate 20 X 5G ကို တရုတ္မွာ ေရာင္းခ်ေပးေနပါၿပီ။

V30 ဟာ Honor ရဲ႕ ပထမဆံုး 5G Smartphone ျဖစ္လာမွာပါ။ Honor View Series ေတြကို ဒီဇင္ဘာလမွာ ေၾကညာေလ့ရွိတဲ့အတြက္ V30 ဟာလည္း အဲဒီအခ်ိန္ေလာက္မွာ ထြက္လာႏုိင္ပါတယ္။ V30 မွာ Google ရဲ႕ Android OS ပါလာမလားဆိုတာ မေျပာႏုိင္ေသးပါဘူး။ လက္ရွိမွာ အေမရိကန္က Huawei အား စီးပြားေရး ပိတ္ပင္ျခင္းကို ၃ လ ေနာက္ဆုတ္ေပးထားၿပီး ႏို၀င္ဘာလ ၁၉ ရက္အတြင္းမွာ Huawei ဟာ ျပႆနာကို ေျဖရွင္းရမွာပါ။

Ref : firstspot

[Unicode]

Honor V30 မှာ 5G ပါမယ်လို့ ကုမ္ပဏီ ဥက္ကဌ အတည်ပြု

5G နည်းပညာဟာ လူသားတွေကို များစွာ အကျိုးပြုနိုင်တဲ့အတွက် နည်းပညာ ကုမ္ပဏီတွေရဲ့ မျက်စိကျစရာ ဖြစ်နေပါတယ်။ Samsung က Galaxy S10 Plus ရဲ့ 5G Model ကို ထုတ်လုပ်ထားပြီး Xiaomi , Vivo နဲ့ OPPO တို့ကလည်း ကိုယ်ပိုင် 5G Smartphone တွေကို ထုတ်လုပ်ရောင်းချနေကြပါတယ်။ Huawei ရဲ့ ကုမ္ပဏီခွဲ Honor ကလည်း နောက်ထုတ်မယ့် စွမ်းဆောင်ရည်မြင့် V30 မှာ 5G နည်းပညာ ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။

Honor ရဲ့ ဥက္ကဌ Zhao Ming က နောက်ထုတ်မယ့် V30 မှာ 5G ဆက်သွယ်မှု ပါမယ်လို့ တရုတ် လူမှုကွန်ရက် ဝီဘိုမှာ အတည်ပြုလိုက်ပါတယ်။ ( အချို့နိုင်ငံတွေမှာ View 30 နာမည်နဲ့ ရောင်းချနိုင်ပါတယ်။ ) 91Mobile က အဲဒီ စမတ်ဖုန်းမှာ Full 5G SA (standalone) နဲ့ NSA (non-standalone) Network တွေလည်း ပါမယ်လို့ ပြောပါတယ်။ ဒါတွေကလွဲပြီး V30 ရဲ့ အခြား သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ Huawei က သူ့ရဲ့ပထမဆုံး 5G Smartphone ဖြစ်တဲ့ Mate 20 X 5G ကို တရုတ်မှာ ရောင်းချပေးနေပါပြီ။

V30 ဟာ Honor ရဲ့ ပထမဆုံး 5G Smartphone ဖြစ်လာမှာပါ။ Honor View Series တွေကို ဒီဇင်ဘာလမှာ ကြေညာလေ့ရှိတဲ့အတွက် V30 ဟာလည်း အဲဒီအချိန်လောက်မှာ ထွက်လာနိုင်ပါတယ်။ V30 မှာ Google ရဲ့ Android OS ပါလာမလားဆိုတာ မပြောနိုင်သေးပါဘူး။ လက်ရှိမှာ အမေရိကန်က Huawei အား စီးပွားရေး ပိတ်ပင်ခြင်းကို ၃ လ နောက်ဆုတ်ပေးထားပြီး နိုဝင်ဘာလ ၁၉ ရက်အတွင်းမှာ Huawei ဟာ ပြဿနာကို ဖြေရှင်းရမှာပါ။

Ref : firstspot