Huawei ဟာ လက်ရှိအချိန်မှာ Mate 40 Series စမတ်ဖုန်းတွေကို တရားဝင်မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း Huawei ရဲ့ ကုမ္ပဏီခွဲ Honor ကနေ Flagship စမတ်ဖုန်းအသစ်တွေဖြစ်တဲ့ Honor V40 Series ကို မကြာခင်မှာ မိတ်ဆက်လာဦးမှာဖြစ်ပါတယ်။

Honor V40 ကတော့ Huawei Mate 40 Series ဖုန်းတွေလိုမျိုး 5nm ကို အခြေခံထားတဲ့ HiSilicon Kirin 9000 Chipset ကိုအသုံးပြုထားမှာမဟုတ်ပါဘူး။ အဲ့ဒီအစား MediaTek ရဲ့ Dimensity 1000+ Chipset ကိုပဲ အသုံးပြုလာမယ်လို့ သိရပါတယ်။ တကယ်လို့ Kirin 9000 Chipset ကို အသုံးပြုချင်တယ်ဆိုရင်တော့ Honor V40 Pro+ ကိုပဲ ရွေးချယ်ရမှာဖြစ်ပါတယ်။

နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ @RODENT950 ရဲ့ ပြောကြားချက်အရ Honor V40 Series ဟာ Mate 40 Series ရဲ့ Feature အသစ်တွေပါဝင်လာမှာဖြစ်ပါတယ်။ အရင်ဆုံး Honor V40 Series ဖုန်းတွေက 6.72″ Full HD+ Curved Display ကိုမှ 120Hz Refresh Rate ကိုပါ Support ပေးလာမှာပါ။

ကျန်တဲ့ Feature တွေအနေနဲ့ကတော့ Back Camera Setup ကို Mate 40 Series တွေမှာလိုမျိုးပဲ 50MP Primary Sensor ပါဝင်မှာဖြစ်ပြီး Selfie Camera အနေနဲ့ကတော့ Dual Punch-hole Sensor တွေကို အသုံးပြုလာမှာဖြစ်ပါတယ်။ Battery Charging ပိုင်းမှာလည်း Huawei Mate 40 Pro လိုမျိုးပဲ 66W SuperCharge Fast Charging နဲ့ 40W Wireless Charging ကိုပါ Support ပြုလုပ်လာဦးမှာပါ။

နောက်ထပ်အနေနဲ့ကတော့ EMUI 11 ကို အသုံးပြုလာမှာဖြစ်ပြီး Android 11 OS အစား Android 10 OS နဲ့ပဲ ထွက်ရှိလာဦးမယ်လို့ ယူဆရပါတယ်။ နောက်ပိုင်းမှာ Huawei ကနေ ကိုယ်ပိုင် HarmonyOS ကို ကူးပြောင်းတော့မယ့်အတွက် Honor V40 Series ဖုန်းတွေလည်း HarmonyOS ကို Update ပြုလုပ်နိုင်ဖွယ်ရှိနေပါတယ်။

Ref – Giz China