Honor က MWC 2022 မှာ Magic4 Seires စွမ်းရည်မြင့် စမတ်ဖုန်းတွေအပြင် Honor Watch GS3 စမတ်နာရီနဲ့ Earbuds 3 Pro ကြိုးမဲ့ နားကြပ်ကိုပါ ကြေညာလိုက်ပါတယ်။

Watch GS3 ကို ဒီနှစ် အစောပိုင်းက တရုတ်မှာ မိတ်ဆက်ထားတာ ဖြစ်ပြီး ၁.၄၃ လက်မ AMOLED မျက်နှာပြင် အဝိုင်း တပ်ဆင်ထားကာ Resolution က 466x466p ဖြစ်ပါတယ်။ ကိုယ်ထည်ကို Stainless Steel နဲ့ တည်ဆောက်ထားပြီး လက်ပတ်ကြိုးက နာရီ အရောင် အပေါ် မူတည်ကာ ကွဲပြားပါတယ်။ Ocean Blue နဲ့ Classic Gold အရောင်တွေမှာ Nappa သားရေကြိုးနဲ့ Midnight Black အရောင်မှာ ရာဘာ လက်ပတ်ကြိုး ထည့်သွင်းထားပါတယ်။

Watch GS3 မှာ Eight-channel PPG Optical နှလုံးခုန်နှုန်း ဆန်ဆာ တပ်ဆင်ထားပြီး သွေးတွင်း အောက်ဆီဂျင် ပမာဏကို ၂၄ နာရီ တိုင်းတာပေးနိုင်ပါတယ်။ အိပ်စက်မှု အခြေအနေကို တွက်ချက်ပေးတဲ့ လုပ်ဆောင်ချက် ပါလာပြီး အားကစား Mode ပေါင်း ၁၀၀ ကျော် ထည့်သွင်းထားပါတယ်။ အဓိက ကမ္ဘာ့ တည်နေရာပြစံနှုန်း ၅ ခုကို ထောက်ပံ့တဲ့ dual-frequency GNSS Receiver ပါလာပါတယ်။ ဆီလီကွန် လက်ပတ်ကြိုး မော်ဒယ်ကို ၂၂၉ ယူရိုနဲ့ Nappa သားရေ လက်ပတ်ကြိုး မော်ဒယ်ကို ၂၄၉ ယူရို သတ်မှတ်ထားပြီး ၄၅၀,၀၀၀ နဲ့ ၅၀၀,၀၀၀ ဝန်းကျင် အသီးသီး ကျသင့်မှာပါ။

Honor Watch GS3 and Earbuds 3 Pro announced alongside Magic 4 at MWC 2022 - GSMArena.com news

Honor Earbuds 3 Pro မှာ 11mm Drivers နဲ့ ANC ထည့်သွင်းထားပြီး ကိုယ်ခန္တာအပူချိန်ကို တိုင်းတာပေးနိုင်ပါတယ်။ Charging Case ပါ ထည့်ပေါင်းရင် ဘက်ထရီ သက်တမ်းက ၂၄ နာရီ ခံပြီး အဖြူနဲ့ အညိုရောင် ထုတ်လုပ်ထားပါတယ်။ ၁၉၉ ယူရို သတ်မှတ်ထားပြီး ၄၀၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။

Honor Watch GS3 and Earbuds 3 Pro announced alongside Magic 4 at MWC 2022 - GSMArena.com news

Ref : gsmarena