Zawgyi

Honor အေနနဲ႔ လာမယ့္ ေအာက္တိုဘာလ ၃၁ရက္ေန႔မွာ Magic 2 စမတ္ဖုန္းကို မိတ္ဆက္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ အဆိုပါ မိတ္ဆက္ပြဲမွာ Honor Watch နဲ႔ FlyPods Wireless Earbuds ေတြကိုပါ မိတ္ဆက္သြားမွာ ျဖစ္ေၾကာင္း သတင္းမ်ား ထြက္ေပၚထားပါေသးတယ္။ ဒီေန႔မွာလည္း Honor Magic 2, Honor Watch နဲ႔ Honor FlyPods ေတြအျပင္ Honor WaterPlay 8 Tablet ကိုပါ မိတ္ဆက္သြားႏိုင္ေၾကာင္း သတင္းမ်ား ထပ္မံ ထြက္ေပၚလာပါတယ္။

Honor WaterPlay 8 ဆိုတာကေတာ့ မႏွစ္က ထြက္ရွိခဲ့တဲ့ Honor WaterPlay ရဲ႕ မ်ိဴးဆက္သစ္ Tablet ျဖစ္ပါတယ္။ မူလ ပထမ Honor WaterPlay နဲ႔ အသစ္ထြက္ရွိလာမယ့္ WaterPlay 8 နဲ႔ မတူတဲ့အခ်က္ကေတာ့ WaterPlay က ၁၀လက္မ မ်က္ႏွာျပင္ အက်ယ္ရွိၿပီး WaterPlay 8 ကေတာ့ ၈လက္မ မ်က္ႏွာျပင္ အက်ယ္သာ ရွိတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Dual Camera ကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ထားႏိုင္ၿပီး ေရစိမ္ခံ Tablet တစ္လုံး ျဖစ္လာႏိုင္ေၾကာင္းကိုလည္း ကြၽမ္းက်င္သူမ်ားက ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Honor WaterPlay (2017)

Honor WaterPlay 8 နဲ႔ ပတ္သတ္ၿပီး အသုံးျပဳထားမယ့္ Processor, Display, Camera Sensor နဲ႔ Battery ပမာဏေတြကို အတိအက် မသိရေသးေပမယ့္ ေအာက္တိုဘာလ ၃၁ရက္ေန႔မွာ တရားဝင္ မိတ္ဆက္သြားမွာ ျဖစ္တာေၾကာင့္ အၾကာႀကီး ေစာင့္စရာေတာ့ လိုအပ္မွာ မဟုတ္ပါဘူး။

Ref: gizmochina

Unicode

Honor WaterPlay 8 ကို အောက်တိုဘာလ ၃၁ရက်နေ့မှာ မိတ်ဆက်မည်

Honor အနေနဲ့ လာမယ့် အောက်တိုဘာလ ၃၁ရက်နေ့မှာ Magic 2 စမတ်ဖုန်းကို မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ မိတ်ဆက်ပွဲမှာ Honor Watch နဲ့ FlyPods Wireless Earbuds တွေကိုပါ မိတ်ဆက်သွားမှာ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ထားပါသေးတယ်။ ဒီနေ့မှာလည်း Honor Magic 2, Honor Watch နဲ့ Honor FlyPods တွေအပြင် Honor WaterPlay 8 Tablet ကိုပါ မိတ်ဆက်သွားနိုင်ကြောင်း သတင်းများ ထပ်မံ ထွက်ပေါ်လာပါတယ်။

Honor WaterPlay 8 ဆိုတာကတော့ မနှစ်က ထွက်ရှိခဲ့တဲ့ Honor WaterPlay ရဲ့ မျိူးဆက်သစ် Tablet ဖြစ်ပါတယ်။ မူလ ပထမ Honor WaterPlay နဲ့ အသစ်ထွက်ရှိလာမယ့် WaterPlay 8 နဲ့ မတူတဲ့အချက်ကတော့ WaterPlay က ၁၀လက်မ မျက်နှာပြင် အကျယ်ရှိပြီး WaterPlay 8 ကတော့ ၈လက်မ မျက်နှာပြင် အကျယ်သာ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် Dual Camera ကို နောက်ကျောဘက်မှာ တပ်ဆင်ထားနိုင်ပြီး ရေစိမ်ခံ Tablet တစ်လုံး ဖြစ်လာနိုင်ကြောင်းကိုလည်း ကျွမ်းကျင်သူများက ခန့်မှန်းပြောဆိုထားကြပါတယ်။

Honor WaterPlay 8 နဲ့ ပတ်သတ်ပြီး အသုံးပြုထားမယ့် Processor, Display, Camera Sensor နဲ့ Battery ပမာဏတွေကို အတိအကျ မသိရသေးပေမယ့် အောက်တိုဘာလ ၃၁ရက်နေ့မှာ တရားဝင် မိတ်ဆက်သွားမှာ ဖြစ်တာကြောင့် အကြာကြီး စောင့်စရာတော့ လိုအပ်မှာ မဟုတ်ပါဘူး။

Ref: gizmochina