Honor ကနေ လာမယ့်ဇူလိုင်လ ၂ ရက်နေ့မှာ Honor X10 Max 5G စမတ်ဖုန်းကို မိတ်ဆက်သွားဖို့ စီစဥ်ထားတာဖြစ်ပါတယ်။ အဆိုပါ Honor X10 Max 5G စမတ်ဖုန်းဟာ Screen Size အနေနဲ့ 7″ အထက်ရှိမှာဖြစ်ပြီး Multimedia နဲ့ Display ပိုင်းကို ဦးစားပေးထားတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်လာမှာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Honor X10 Max 5G ဖုန်းရဲ့ ဒီဇိုင်းနဲ့ အချက်အလက်တွေကို Chinese TENAA Website မှာ ပေါ်ထွက်လာခဲ့ပြီး အခုလည်း Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench မှာ Honor X10 Max 5G ဖုန်းကို မြင်တွေ့လာရပါတယ်။ အဆိုပါ Geekbench Website မှာတော့ Honor X10 Max 5G ဖုန်းကို Huawei KKG-AN00 ဆိုတဲ့ Codename နဲ့ မြင်တွေ့ရတာလည်းဖြစ်ပါတယ်။

Honor X10 Max 5G စမတ်ဖုန်းဟာ MediaTek ရဲ့ Dimensity 800 5G Chipset ကို အသုံးပြုလာမှာဖြစ်ပြီး RAM အနေနဲ့တော့ 8GB ပါဝင်မှာဖြစ်ပါတယ်။ Android 10 OS ကို အသုံးပြုထားပြီးတော့ Single-Core Score အနေနဲ့ 539 Marks နဲ့ Multi-Core Score အနေနဲ့ 2,186 Marks ရရှိထားတာကိုတွေ့ရပါတယ်။

ပြီးခဲ့တဲ့သတင်းတွေအရတော့ Honor X10 Max 5G ဖုန်းဟာ 7.09″ IPS LCD Display ကိုမှ နေရောင်အောက်မှာ ကောင်းကောင်းအသုံးပြုနိုင်ဖို့အတွက် RGBW နည်းပညာကို အသုံးပြုထားမှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 8MP Selfie Camera ကိုမှ Waterdrop Notch Design ကို အသုံးပြုလာမယ်လို့ သိရပါတယ်။ Back Camera အနေနဲ့ကတော့ 48MP + 2MP Dual camera Setup ပါဝင်မှာဖြစ်ပါတယ်။

RAM နဲ့ Storage အနေနဲ့ကတော့ RAM 6GB + 64GB နဲ့ RAM 8GB + 128GB ပါဝင်မှာဖြစ်ပြီးတော့ Battery ပိုင်းအနေနဲ့ကတော့ 22.5W Fast Charging ကို Support လုပ်နိုင်တဲ့ 4900mAh Battery ပါဝင်မှာဖြစ်ပါတယ်။

Ref – Gizmo China