Honor ကနေ လာမယ့်ဇူလိုင်လ ၂ ရက်နေ့မှာ Honor X10 Max 5G ဖုန်းကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ 7.02″ Display ကို အသုံးပြုလာမှာဖြစ်တဲ့အတွက် လက်ရှိ Mid Range ဖုန်းတွေထဲမှာ Screen Size အကြီးမားဆုံးဖုန်းတစ်လုံးဖြစ်လာမှာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Honor X10 Max ဖုန်းနဲ့ပတ်သက်ပြီးတော့ သတင်းအချက်အလက်တွေပေါက်ကြားခဲ့သလို အခုအချိန်မှာလည်း Honor X10 Max ဖုန်းရဲ့ အရောင် ၃ ရောင်လုံးကို ဖော်ပြထားတဲ့ Hands-on ဓါတ်ပုံတွေပေါက်ကြားလာခဲ့ပြန်ပါပြီ။ အရောင်တွေအနေနဲ့ကတော့ Black ၊ Blue နဲ့ Purple ဆိုပြီး ၃ ရောင်ထွက်ရှိလာမှာပါ။

Honor X10 Max စမတ်ဖုန်းဟာ ကြီးမားတဲ့ Display အပြင် Speaker ပိုင်းမှာလည်း လက်ရှိ Mi 10 Series ဖုန်းတွေလိုမျိုးပဲ ဖုန်းရဲ့ အပေါ်ဘက်နဲ့ အောက်ဖက်မှာ Stereo Speaker Setup ကို အသုံးပြုလာမှာဖြစ်ပါတယ်။ Camera အနေနဲ့ကတော့ 48MP Primary Sensor ပါဝင်တဲ့ Dual Camera Setup ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Multimedia ပိုင်းမှာတော့ တော်တော်လေးကို ကောင်းမယ့်ပုံစံရှိနေပါတယ်။

Performance ပိုင်းမှာတော့ MediaTek Dimensity 800 Chipset ကို အသုံးပြုလာမှာဖြစ်ပြီး 5000mAh Battery ၊ 22.5W Fast Charging တွေကိုလည်း Support ပြုလုပ်မယ်လို့ သိရပါတယ်။ ကျန်တဲ့စျေးနှုန်းနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ တရားဝင်မိတ်ဆက်မယ့် ဇူလိုင်လ ၂ ရက်နေ့မှာ သိရှိရမှာပါ။

Ref – Gizmo China