Honor ရဲ့ စွမ်းရည်သင့် 5G စမတ်ဖုန်း ၁ လုံးရဲ့ Specs တွေ TENAA ကနေ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ထွက်ပေါ်ခဲ့ပါတယ်။ အခုတော့ ယုံကြည်စိတ်ချရတဲ့ Leakster ၁ ယောက်ကနေ အဲဒီ ဖုန်းရဲ့ Specs တွေ ပိုသိလာရပြီး Custom Sony IMX600y Sensor ပါလာမယ်လို့ သိရပါတယ်။

Sony IMX600 Sensor ကို Huawei နဲ့ Honor စမတ်ဖုန်းများစွာမှာ ထည့်သွင်းထားပါတယ်။ မကြာခင်ကထွက်ခဲ့တဲ့ Honor V30 Pro နဲ့ Huawei Mate Xs တို့မှာ 40MP Sensor ပါလာပါတယ်။ IMX600y Custom Sensor မှာ တူညီတဲ့ Resolution ပါတဲ့အတွက် ဘာတွေ ထူးခြားသွားမလဲဆိုတာ မသိရသေးပါဘူး။

တရုတ်လူမှုကွန်ရက် ဝီဘိုမှာ Honor X10 ရဲ့ Specs Sheet ၁ ခု ထွက်ပေါ်လာပြီး TENAA က ထွက်လာတဲ့ Specs တွေကို အတည်ပြုထားသလို 8MP နဲ့ 2MP ကင်မရာ ၂ လုံးကိုပါ ဖော်ပြထားပါတယ်။ 8MP ကင်မရာဟာ မြင်ကွင်းကျယ် ဖြစ်နိုင်ပြီး  2MP က Macro  လိုရော Depth Sensor လိုပါ သုံးနိုင်မှာ ဖြစ်ပါတယ်။ အရှေ့ ကင်မရာက 16MP ဖြစ်ပါတယ်။

Ref : gsmarena