မူလတုန်းကတော့ ဒီဟန်းဆက်ကို Honor 10X လို့ နာမည်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Redmi 10X လည်းထွက်လာဖို့ရှိသေးတာကြောင့် နာမည်ချင်းရောထွေးမှာကိုမလိုလားတဲ့အတွက် Honor X10 လို့ နာမည်ပြောင်းခဲ့ရပါတယ်။ Redmi 10X ကလည်း Google Play Console listing မှာ မြင်တွေ့လာရပြီဖြစ်တာကြောင့် မိတ်ဆက်ဖို့ နီးကပ်လာပြီလို့ ဆိုနိုင်ပါတယ်။

အခုတော့ Honor X10 ကို လာမယ့် မေလ ၂၀ ရက်နေ့မှာ စတင်ဖြန့်ချိမယ်လို့ George Zhao က အတည်ပြု ပြောဆိုလိုက်ပါတယ်။ ရှေ့ပိုင်းမှာလည်း Honor X10 ရဲ့ အအေးခံစနစ်ကိုပြသတဲ့ 3D CAD ပုံရိပ်တွေ မြင်ခဲ့ရပေမယ့် အခုတော့ ဒီစနစ်နဲ့ပတ်သက်ပြီး အတည်ပြုချက်အချို့ကိုလည်း ရရှိလာပြီ ဖြစ်ပါတယ်။

Honor X10 နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အချို့က တရားဝင်ထွက်ပေါ်လာတာတော့ မဟုတ်သေးပါဘူး။ Weibo မှာ လူသိများထင်ရှားတဲ့ Leakster ဖြစ်တဲ့ Digital Chat Station ရဲ့ မျှဝေမှုကတစ်ဆင့် သိလာရတာပါ။ ဒီအအေးခံစနစ်ဟာ Graphene cooling system လို့ ခေါ်တွင်ပါတယ်။ Digital Chat Station ရဲ့ အဆိုအရ ဒီစနစ်ဟာ Huawei ရဲ့ Mate စီးရီးတွေမှာ အသုံးပြုတဲ့ နည်းပညာနဲ့ တူညီတယ်လို့ သိရပါတယ်။

Honor X10 ဟာ Huawei ရဲ့ ဈေးအသက်သာဆုံး 5G စမတ်ဖုန်းဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ 5G ဟန်းဆက်တွေဟာ ကွန်ရက်ချိတ်ဆက်မှုအတွက် စွမ်းအင်ပိုမိုသုံးစွဲရသလို၊ ပိုပြီးတော့လည်း အပူချိန်မြင့်မားတတ်ကြပါတယ်။ ဒါကြောင့် Graphene-based အအေးပေးစနစ်ကို အသုံးပြုခြင်းအားဖြင့် ဟန်းဆက်ရက်စွမ်းဆောင်မှုကို ခြားနားတဲ့ အဖြေတစ်ခုဖြစ်စေပါတယ်။

အသေးစိတ်အချက်အလက်တွေအဖြစ် Honor X10 ဟာ 6.63-inch FHD+ LCD မျက်နှာပြင်နဲ့ဖြစ်ပြီး 16MP pop-up ကင်မရာတစ်လုံး ပါဝင်မယ်လို့ သိရပါတယ်။ ဒီဟန်းဆက်ဟာ Kirin 820 5G chipset ကို အသုံးပြုထားပြီး 8GB of RAM နဲ့ 256GB storage ကို ထောက်ပံ့ပေးထားတယ်လို့လည်း သိရပါတယ်။

ကျောဘက်မှာတော့ 40MP အဓိကကင်မရာ၊ 8MP ultra-wide နဲ့ 2MP အဖြစ် ကင်မရာသုံးလုံး တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။ အဓိကယူနစ်ကတော့ Sony IMX600 RYYB sensor အသုံးပြုထားမယ်လို့ မျှော်လင့်ရပါတယ်။ ဘက်ထရီပမာဏကတော့ 4,200mAh ဖြစ်ပြီး 22.5W အမြန်အားသွင်းစနစ်ကို USB Type-C နဲ့ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Ref: Gizmochina