Honor က တရုတ်မှာ X50 Pro ကို ကြေညာလိုက်ပြီး 6.78” 1,200×2,562p 120Hz OLED မျက်နှာပြင် ပါလာပါတယ်။ 1,920Hz PWM Dimming နဲ့ 10-bit Color Support ထောက်ပံ့ထားပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပါတယ်။ LTPO Panel မဟုတ်တဲ့အတွက် 60Hz နဲ့ 120Hz အကြားပဲ ပြောင်းနိုင်ပြီး တခြား အဆင့်တွေ မရှိပါဘူး။

Honor X50 Pro launches with an exquisite design - Gizchina.com

Qualcomm Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားပြီး 8 Gen 3 တောင်ထွက်နေပြီ ဖြစ်တဲ့အတွက် Chipset က ဒိတ်အောက်နေပါပြီ။

အနောက်ဘက်မှာ 108MP Main နဲ့ 2MP ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး “MATRIX AI VISION CAMERA” လို့ ရေးသားထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပြီး f/2.0 Aperture ပါပါတယ်။ 35W Wired Charging ထောက်ပံ့တဲ့ အရွယ်ကြီး 5,800mAh Battery ထည့်သွင်းထားပါတယ်။

Honor X50 Pro gets official with Snapdragon 8+ Gen 1, 108 MP main camera -  GSMArena.com news

Honor X50 Pro မှာ Android 13 အခြေပြု MagicOS 7.2 OS မောင်းနှင်ထားပြီး Elegant Black နဲ့ Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 12GB RAM/256GB Storage ကို ၂,၇၉၉ ယွမ် သတ်မှတ်ထားပြီး ၃၉၅ ဒေါ်လာဝန်းကျင်ကျသင့်ပါတယ်။ တရုတ် ပြင်ပမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena