Honor က ဗြိတိန်မှာ တန်ဖိုးနည်း X6a ကို ကြေညာလိုက်ပြီး 6.56” IPS LCD မျက်နှာပြင် တပ်ဆင်ထားပါတယ်။ အရွယ်သေး Notch ပါလာပြီး HD+ Resolution ရှိပါတယ်။ တန်ဖိုးနည်း ဖုန်းမှာ 90Hz Refresh Rate ထည့်ပေးထားတာ ထူးခြားပြီး MediaTek Helio G36 Octa-core Processor မောင်းနှင်ထားပါတယ်။ 4GB နဲ့ 6GB RAM Version ထုတ်လုပ်ထားပြီး 128GB Storage ပါသလို microSD Card စိုက်နိုင်ပါတယ်။

Honor X6a

အနောက်ဘက်မှာ 50MP Main , Depth ကင်မရာနဲ့ Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး အရှေ့ဘက်မှာ 5MP ကင်မရာ ၁ လုံး ပါပါတယ်။ 22.5W Wired Charging ထောက်ပံ့တဲ့ 5,200mAh Battery ထည့်သွင်းထားပြီး Android 13 အခြေပြု Magic OS 7.1 မောင်းနှင်ထားပါတယ်။

Honor X6a launched with 5200mAh battery, 50MP triple camera, MagicOS 7.1 (Android 13) - Huawei Central

ဆက်သွယ်မှု အပိုင်းမှာ dual nano SIM cards, 4G VoLTE, Wi-Fi 802.11 a/b/g/n/ac, Bluetooth 5.1, NFC, GPS, a USB-C port, နဲ့ a 3.5mm audio jack တို့ ပါပါတယ်။ လုံခြုံရေးအတွက် ဘေးဘက်လက်ဗွေရာ ကိရိယာမြှုပ်နှံထားပြီး အရွယ်အစား အပြည့်အစုံက 163.32 x 75.07 x 8.35mm နဲ့ အလေးချိန်က ၁၈၈ ဂရမ် ဖြစ်ပါတယ်။

Honor X6a ကို ဗြိတိန်မှာ ၁၂၈ စတာလင်ပေါင် ( ၁၆၅ ဒေါ်လာ) သတ်မှတ်ထားပြီး Midnight Black, Sky Silver နဲ့ Cyan Lake အရောင်တွေ ထုတ်လုပ်ထားပါတယ်။ တခြား ဥရောပနိုင်ငံတွေမှာ မကြာခင် ရောင်းချနိုင်ပါတယ်။

Ref : gizmochina