laptop တစ်လုံးလုံး သန့်ရှင်းရေး ပြုလုပ်နည်း

Laptop အသုံးပြုတိုင်း သေချာစွာ လေ့လာထားသင့်တဲ့ Laptop Cleansing Steps လေးတွေ ဖြစ်ပါတယ်။ Laptop သုံးတာကြာပေမယ့် သန့်ရှင်းရေး မပြုလုပ်ဖြစ်ခဲ့ရင် Hardware ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေဟာ သာမန်သက်တမ်းထက် လျင်မြန်စွာ ဖြစ်ပေါ်တတ်ပါတယ်။

Laptop Case

Laptop ထည့်တဲ့အိတ်ကို လျှော်ပစ်တာထက် စာရင် ရေစိုဝတ် သို့မဟုတ် Wet Tissue နဲ့ပွတ်တိုက်ပေးတာက ပိုမိုသင့်တော်ပါတယ်။ ညစ်ထပ်ထပ်ဖြစ်နေတဲ့ နေရာကို သန့်ရှင်းစေချင်ရင်တော့ ဆပ်ပြာအနည်းငယ် ပွတ်ပြီး ရေစိုဝတ်နဲ့ ပြန်တိုက်ပေးနိုင်ပါတယ်။

laptop တစ်လုံးလုံး သန့်ရှင်းရေး ပြုလုပ်နည်း

Laptop Exterior

Laptop ရဲ့အပြင်ဘက်ကို သန့်ရှင်းရေး စလုပ်ပါမယ်။ သန့်ရှင်းရေးမလုပ်ခင်မှာ Totally Shut down ချပြီးသား ဖြစ်ရပါမယ်။ Laptop ရဲ့ အပြင်ဘက်ကို ရေအနည်းငယ်သာစွတ်ထားတဲ့ အဝတ်စလေးနဲ့ ပွတ်တိုက်ပေးပါ။ သန့်စင်ပြီဆိုတာ သေချာတာနဲ့ ခြောက်သွေ့တဲ့အဝတ်နဲ့ စိုစွတ်မှုမကျန်အောင် ပြန်ပွတ်ပေးပါ။

laptop တစ်လုံးလုံး သန့်ရှင်းရေး ပြုလုပ်နည်း

LCD Screen

အခုနက Laptop အပြင်ကို သုတ်ထားတဲ့အဝတ်စကို ပြန်မသုံးပါနဲ့။ ရေအများကြီးမစွတ်ထားတဲ့ အဝတ်ကို Screen ပေါ်မှာ အပေါ်အောက် အရှေ့အနောက် ညင်သာစွာ ပွတ်တိုက်သန့်ရှင်းပေးပါ။

laptop တစ်လုံးလုံး သန့်ရှင်းရေး ပြုလုပ်နည်း

Keyboard and Touchpad

Key ကြားထဲမှာ ရှိတဲ့ အမှိုက်တွေ ဖုန်တွေကို Hair Dryer နဲ့ မှုတ်ပေးနိုင်ပါတယ်။ လေပူမဟုတ်ဘဲ လေအေးနဲ့မှုတ်ပေးဖို့ လိုပါတယ်။ ကလေးတွေဆော့တတ်တဲ့ Slime ခပ်မာမာမျိုးကိုလည်း Key တွေကြားထဲ ထည့်ပြီး အမှုန်တွေ ဖယ်ပေးနိုင်ပါတယ်။ Touchpad ကတော့ ဖုန်သိပ်မဝင်တဲ့အတွက် သန့်ရှင်းရေး လုပ်ချင်တယ်ဆိုရင် ဂွမ်း သို့မဟုတ် တစ်ရှူးနဲ့ အသာအယာ သုတ်ပေးနိုင်ပါတယ်။

Laptop ကို ပြန်အသုံးမပြုခင် အချိန်ထိ လုံးဝ ခြောက်သွေ့ပြီဆိုမှ Power On ပြီး အသုံးပြုဖို့ သတိထားပေးပါ။