Android ဖုန်းတွေမှာ အခုဆိုရင် သာမန်ဂိမ်းစက်တွေမှာဆော့ကစားနိုင်တဲ့ ဂိမ်းတွေကို ဆော့ကစားနိုင်နေပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် အရင်တုန်းက ဂိမ်းစက် Controller နဲ့ ဆော့ကစားရတာအသားကျနေပြီဆိုရင် Android ဖုန်းတွေရဲ့ Touch Screen က အနည်းငယ် ကသိကအောက်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Android ဖုန်းကို PS4 Controller နဲ့ ချိတ်ဆက်တဲ့နည်းလမ်းကို ဖော်ပြလိုက်ပါတယ်။

အရင်ဆုံး PS4 Controller ဟာ Bluetooth နဲ့ ချိတ်ဆက်တာဖြစ်တဲ့အတွက် ဖုန်းကို အရင် Bluetooth ဖွင့်ထားရမှာဖြစ်ပါတယ်။ ပြီးရင် PS4 Controller မှာရှိတဲ့ PLAYSTATION နဲ့ SHARE ခလုတ်ကိုနှိပ်ထားပြီး ခလုတ်က မီးလင်းလာအောင်စောင့်ရမှာပါ။

ပြီးရင် Android ဖုန်းကနေ Bluetooth Setting – Devices ထဲမှာ Wireless Controller ကို သွားရောက်ချိတ်ဆက်ရမှာဖြစ်ပါတယ်။ ပြီးရင် Controller Support လုပ်တဲ့ ဂိမ်းတွေကို ဆော့ကစားနိုင်ပါပြီ။

တကယ်လို့ အခုလိုမျိုး ချိတ်ဆက်တဲ့နေရာမှာ အခက်အခဲရှိနေတာ Bluetooth က ပြန်ပြီး ပြုတ်သွားတာမျိုးဖြစ်နေသေးရင် ဘယ်လို ဖြေရှင်းရမလဲဆိုတာကိုလည်းဖော်ပြပေးလိုက်ပါတယ်။

အရင်ဆုံး ဖုန်းရဲ့ Setting ထဲက Unknown Source ကို အမှန်ခြစ်ဖြုတ်ပြီး Google မှာ Bluetooth Auto Connect ဆိုတဲ့ App ကို Download ပြုလုပ်ပြီး သွင်းလိုက်ပါ။

Bluetooth Auto Connect ဆိုတဲ့ App ကို သွင်းပြီးရင် App ရဲ့ အောက်ဆုံးက Advanced Option မှာ
Connect Now ကို နှိပ်လိုက်ရမှာဖြစ်ပါတယ်။ နောက်ပြီး Continuous Connect မှာလည်း 2 Seconds ကို ပြောင်းထားရမှာပါ။

ဒီအဆင့်တွေကို ပြုလုပ်ပြီးရင်တော့ PS4 Controller နဲ့ Android ဖုန်းမှာ ဂိမ်းတွေကို ဆော့ကစားနိုင်ပြီဖြစ်ပါတယ်။