WhatsApp Messenger ဟာ ယခင်တုန်းက တကယ်လို့ မှားယွင်းပြီးပို့မိတဲ့ Messages တွေကို “Delete for Everyone” အနေနဲ့ ဖျက်နိုင်တဲ့ Function ကို ထည့်သွင်းပေးထားတယ်ဆိုပေမယ့် Message ကိုပေးပို့ပြီး ၇ မိနစ်အတွင်းပဲ ပြန်လည်ဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ WhatsApp က ၇ မိနစ်အတွင်း ပြန်ဖျက်ဖို့က တခါတရံမှာ အချိန်မလုံလောက်ဘူးဆိုတာကို သိသွားတဲ့ပုံပါပဲ။ အဲ့ဒီအတွက် WhatsApp ဟာ ကိုယ်ပေးပို့လိုက်တဲ့ Messages တွေကို ပြန်လည်ဖျက်နိုင်တဲ့အချိန်ကို တစ်နာရီဝန်းကျင်အထိ တိုးပေးခဲ့ပါတယ်။

တစ်နာရီဝန်းကျင်လို့ပြောရတာက WhatsApp ဟာ အခြားသော ပြိုင်ဘက်တွေလိုမျိုး 15 Min ၊ 30 Min ၊ 1 Hour ဆိုပြီး ပြုလုပ်တာမျိုးမဟုတ်ပဲ Message ပေးပို့ပြီး အချိန် ၁ နာရီ၊ ၈ မိနစ် နဲ့ ၁၆ စက္ကန့်အတွင်းပဲ ပြန်လည်ဖျက်ခွင့်ပေးထားတာဖြစ်ပါတယ်။ အခုလိုမျို တိကျတဲ့အချိန်သတ်မှတ်မဟုတ်ပဲ ဘာလို့ ဒီလိုမျိုး သတ်မှတ်ထားလဲဆိုတာကိုလည်းပြောကြားခဲ့ခြင်းမရှိပါဘူး။

ဘာပဲဖြစ်ဖြစ် WhatsApp ရဲ့ ယခု Feature ဟာ ကောင်းတဲ့ Feature တစ်ခုဖြစ်ပြီး တကယ်လို့ မရရှိသေးဘူးဆိုရင် Version 2.18.31 ကို Update ပြုလုပ်လိုက်ရင်ရရှိမှာဖြစ်ပါတယ်။