Pokemon Go က တစ်ကမ္ဘာလုံးကို လှုပ်ခတ်သွားအောင် ဆွဲဆောင်လိုက်ပါတယ်။ ဒီနှစ်တော့ Pokemon Magikarp Jump ဆိုတဲ့ စမတ်ဖုန်း ဂိမ်းကို ထပ်ထုတ်လိုက်ပါတယ်။

Pokemon Magikarp Jump စမတ်ဖုန်းဂိမ်းမှာတော့ ကိုယ်လိုက်ဖမ်းမိတဲ့ Pokemon တစ်ကောင်ကို အစာကျွေး၊ လေ့ကျင့်ပြီး အများဆုံး ဘယ်လောက်ခုန်နိုင်လဲဆိုတဲ့ ပြိုင်ပွဲပါဘဲ။

အကယ်၍ အဲ့လို ခုန်တဲ့ ပွဲမှာ ကိုယ်ရှုံးသွားပြီဆိုရင်တော့ နောက်တော့ တစ်ကောင် ထပ်ဖမ်းပြီး ပြန်လေ့ကျင့်ရမှာဘဲဖြစ်ပါတယ်။

နီတန်းဒိုးက ဖေဖော်ဝါရီလမှာ စတင် ဖြန့်ချီမယ်လို့ ပြောထားပေမယ့်လည်း အခုဆိုရင် အီတလီမှာဘဲ ကစားလို့ရပါသေးတယ်။

အခုချိန်မှာတော့ ပိုကီမွန်ဂိမ်းအသစ်က iOS Version နဲ့ ဘဲ ထုတ်သေးပါတယ်။ အခမဲ့ ဒေါင်းလုပ်ခ်ဆွဲပြီး ကစားနိုင်ပါတယ်။

မကြာသေးခင်မှာတော့ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ သြစတေးလျနိုင်ငံတွေမှာ ကစားလို့ရတော့မယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

အခုအချိန်မှာ ကစားချင်တယ်ဆိုရင်တော့ အီတလီ Apple account ရှိရမှာဖြစ်ပါတယ်။ ကိုယ့် iPhone အတွက် အကောင့် အသစ်တစ်ခုကို အီတလီလိပ်စာနဲ့ (အီတလီက နာမည်ကြီး ပြတိုက်လိပ်စာဖြစ်ဖြစ်၊ ဘယ်လိပ်စာမဆိုရပါတယ်) ဖွင့်လိုက်ရင် ကစားလို့ရပါတယ်။

မကြာခင်မှာတော့ Android ဖုန်းတွေအတွက်လည်း ဆော့ကစားလို့ရအောင် ထုတ်လုပ်မယ်လို့ ဆိုပေမယ့် အခုအချိန်မှာတော့ iOS အတွက်ဘဲ ရသေးပါတယ်။