Google Chrome ဟာ အခုအချိန်မှာ လူသုံးအများဆုံး Web Browser တစ်ခုဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ Google ကနေ Chrome Browser အသုံးပြုနေတဲ့သူတွေအတွက် လုံခြုံရေးပိုင်းကို ပိုပြီးအဆင့်မြှင့်တင်ပေးထားတဲ့ Enhanced Safe Browsing Mode ကို ထည့်သွင်းပေးထားပါတယ်။

အဲ့ဒါကြောင့် ယခု Article မှာတော့ Google Chrome Browser မှာပါဝင်တဲ့ Enhanced Safe Browsing Mode ကို ဘယ်လိုမျိုး အသုံးပြုရမလဲဆိုတာကို ဖော်ပြေပေးသွားမှာဖြစ်ပါတယ်။

အရင်ဆုံးအနေနဲ့ Google Chrome Browser ထဲက Settings ကိုဝင်ရောက်ပြီး Privacy & Security ထဲကို ဝင်ရောက်ရောက်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Security Tab ထဲကို ဝင်ရောက်ရမှာပါ။

Security Tab ထဲဝင်ပြီးသွားပြီဆိုရင်တော့ Enhanced Protection ကို Enable ပြုလုပ်လိုက်ရုံပါပဲ။

Google Chrome ရဲ့ Enhanced Protection ဟာဆိုရင် အန္တရာယ်များတဲ့ Event တွေကို ကြိုတင်သိရှိပြီး ကာကွယ်နိုင်မှာဖြစ်ပါတယ်။ Chrome Browser တင်မဟုတ်ဘဲ တခြားသော Google App တွေမှာ Sign-in ဝင်ရောက်မှုတွေအတွက်ပါ လုံခြုံရေးကို ပိုကောင်းစေမှာဖြစ်ပါတယ်။ တခြားသော Download ပြုလုပ်မှုတွေ၊ Web Page တွေအပြင် Extension တွေကိုပါ စစ်ဆေးနိုင်တာကြောင့် Chrome Browser အသုံးပြုသူတွေအနေနဲ့ ကျိန်းသေအသုံးပြုသင့်တဲ့ Feature တစ်ခုဖြစ်ပါတယ်။

Ref – Android Central