ဘယ်သူမှမမြင်အောင် သုံးလို့ရတဲ့ facebook secret conversation

လုပ်ငန်းကိစ္စ မိသားစုကိစ္စနဲ့ အရေးကြီးအကြောင်းအရာတွေကို ပြောလည်းပြောချင်တယ်။ မသမာသူတွေလက်ထဲ ဖုန်းရောက်သွားလို့ သိကုန်မှာလည်း စိုးရင် Facebook ရဲ့ Secret Conversation သုံးလို့ရပါတယ်။

Secret Conversation ရဲ့ ထူးခြားချက်ကတော့ ပို့ထားတဲ့ Message မှန်သမျှကို seen ဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ အလိုအလျောက် ဖျက်ပေးတဲ့ System ပါတာပဲ ဖြစ်ပါတယ်။

ဘယ်သူမှမမြင်အောင် သုံးလို့ရတဲ့ facebook secret conversation

Messenger App ရဲ့ Profile Info ကိုသွားပါ။ Secret Conversation Box ကိုနှိပ်ပါ။ အထဲမှာ Secret Conversation Button ကို Turn on လုပ်ပေးပါ။

ဘယ်သူမှမမြင်အောင် သုံးလို့ရတဲ့ facebook secret conversation

မိမိပြောချင်တဲ့သူကို Messenger မှဝင်ပါ။ Messenger ညာဘက်ထောင့်က i ဆိုတဲ့ Info လေးကို နှိပ်ပြီး Secret Conversation ထဲဝင်ပါ။

ဘယ်သူမှမမြင်အောင် သုံးလို့ရတဲ့ facebook secret conversation

မိမိပို့လိုတဲ့ Message ကို Type ရိုက်ပါ။ Send Button အပေါ်နားမှာ Timer Button ရှိပါတယ်။ အဲ့ဒီ Timer က Seen ဖြစ်ပြီးရင် Auto Delete ပေးမယ့် Timer ဖြစ်ပါတယ်။ 5 Minutes ရွေးထားရင် တစ်ဖက် လက်ခံသူက မြင်ပြီးတာနဲ့  ငါးမိနစ်ပြည့်ရင် အလိုအလျောက် ဖျက်ပေးမှာပါ။

Secret Messenger ကိုသုံးဖို့ Latest Update Version ဖြစ်ဖို့တော့ လိုပါတယ်။ ဒီလိုဆို နှစ်ကိုယ်ကြား စကားလေးတွေ ဘယ်သူမှ မသိအောင် ပြောလို့ရပါပြီ။