ကျွန်တော်တို့ နေ့စဉ်အလုပ်ထဲမှာ Mail ပေါင်းမြောက်များစွာပို့နေကြရပါတယ်။ အချို့သော အချိန်တွေမှာ စာလုံးပေါင်းမှားတာကို သတိမထားမိပဲပို့မိတာ၊ Enter ကို လက်က မှားပြီး နှိပ်လိုက်မိလို့ စာရေးတာမပြီးသေးပဲနဲ့ Mail ပို့မိသွားတာတွေကို ကြုံဖူးကြမှာပါ။

အဲ့လိုမျိုး အဆင်မပြေမှုတွေကို အလွန်လွယ်ကူတဲ့နည်းလေးတစ်ခုနဲ့ အချိန်မှီရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ အရင်ဆုံး ကွန်ပျူတာရဲ့ Browser မှာ ကိုယ့်ရဲ့ Gmail ကို Sign In ဝင်လိုက်ပါ။

ပြီးရင် Gmail ရဲ့ ညာဘက်ထောင့်က ခွေးသွားစိတ်ပုံကို နှိပ်ပြီး Setting ထဲသို့သွားပါ။

Setting ထဲမှာ အလယ်နားလောက်မှာ “Enable Undo Send” ဆိုတာကို On လိုက်ပြီး ၅၊ ၁၀၊ ၂၀၊ ၃၀ စက္ကန့်ရှိတဲ့ထဲကမှ ဘယ်နှစက္ကန့်အတွင်း Undo ပြန်လုပ်ချင်လဲဆိုတာကို ရွေးလိုက်ပါ။

ပြီးရင် အောက်ဆုံးထိရောက်အောင် ဆင်းပြီး Save Changes ကို နှိပ်လိုက်ရင် မှားပို့မိတဲ့ Mail တွေကို အချိန်မှီ Undo ပြုလုပ်ပြီး ပြန်ဖျက်နိုင်မှာဖြစ်ပါတယ်။

အခု Features က Gmail ရဲ့ Desktop Version မှာပဲရရှိတဲ့အတွက် ကွန်ပျူတာနဲ့ပဲ ပြင်ဆင်လို့ရတာဖြစ်ပြီး Mobile Version မှာတော့ ပြင်ဆင်လို့ရမှာမဟုတ်ပါဘူး။