Android စမတ်ဖုန်းတစ်ခုကို အသုံးပြုနေတာနဲ့ နောက်က Google Play Service တွေက တပါတည်းတွဲပါလာပြီဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်ဖုန်းက Xiaomi လိုမျိုး ဖုန်းဖြစ်နေလို့ Google Services နဲ့ Google Application တွေ မပါဝင်လာတာပဲဖြစ်ဖြစ်၊ ရှိနေတဲ့ Google Service ကို Update လုပ်ချင်တယ်ဆိုရင် အခုပြောသွားတဲ့နည်းစနစ်တွေနဲ့ ပြုလုပ်လို့ရမှာပါ။

အရင်ဆုံး Google Play Services ကို ဘာကြောင့် Update ဖြစ်နေအောင် ထားသင့်သလဲဆိုတာကို ပြောပြသွားမှာဖြစ်ပါတယ်။

Google Services ဆိုတာက Google Play Store ၊ Gmail ၊ Chrome Browser ၊ Play Music စတဲ့အရာတွေ၊ Application တွေအကုန်လုံး အဆင်ပြေပြေနဲ့အသုံးပြုဖို့အတွက် အဓိကလိုအပ်တဲ့အရာဖြစ်ပြီးတော့ တကယ်လို့ Google Play Services က Update မဖြစ်ဘူးဆိုရင် Play Store ကနေ Apps တွေ Down လို့မရတာ၊ ဒါမှမဟုတ် Google Application တွေ သုံးလို့မရတာတွေဖြစ်တတ်ပါတယ်။ အဲ့ဒီအတွက် Google Play Services က အမြဲတမ်း Update ဖြစ်နေဖို့ လိုအပ်မှာပါ။

အခုလိုမျိုး Update ပြုလုပ်မယ်ဆိုရင်တော့ Google Play Store ကနေ Update ပြုလုပ်နိုင်သလို Manual နည်းနဲ့လည်း Update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

အရင်ဆုံး Manual Update လုပ်တော့မယ်ဆိုရင် ကိုယ့်ဖုန်းရဲ့ About ထဲမှာ ရှိတဲ့ Android Version က ဘယ်လောက်လဲဆိုတာကို အရင်သွားကြည့်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ အခုလိုမျိုး Android Version ကို ကြည့်ပြီးပြီဆိုရင် Settings – Security – Unknown Sources ကို On ထားဖို့ လိုအပ်ဦးမှာပါ။

ပြီးရင် ကိုယ့်ဖုန်းမှာ သွင်းထားတဲ့ Google Play Services ရဲ့ Version ကို သိဖို့အတွက် ဖုန်းရဲ့ Settings – Apps ထဲမှာ ရှိတဲ့ Google Play Services Version ကို သွားပြီး ကြည့်ရမှာဖြစ်ပါတယ်။ အဲ့ဒီမှာမှ Version အနောက်ဆုံးကရှိနေတဲ့ -446 လိုမျိုး နံပါတ်တွေက အရေးကြီးပါတယ်။

ဘာကြောင့်အရေးကြီးသလဲဆိုရင် အဆိုပါ နံပါတ် ၃ လုံးက ကိုယ့်ရဲ့ Android Version ၊ CPU Architecture နဲ့ Display DPI တွေကို ကိုယ်စားပြုတာကြောင့်ဖြစ်ပါတယ်။

The first number is your Android version:

0 = Android 4.4.4 and older

2 = Android 5.0 and 5.1 (starting with Google Play Services v8)

4 = Android 6.0 and above (Note: 4 = Android 5.0 and 5.1 for versions of Google Play Services prior to v8)

7 = Android 5.0

8 = Android TV

The second number is your CPU architecture:

1 = armeabi

3 = armeabi-v7a

4 = arm64-v8a

7 = x86

The third number is your device screen’s DPI (dots per inch):

0 = universal

2 = 160 dpi

4 = 240 dpi

6 = 320 dpi

8 = 480 dpi

အဲ့ဒါပြီးရင်တော့ APK Mirror Website ကနေ Google Play Services လို့ ရိုက်ရှာပြီးတော့ အခုနပြောခဲ့တဲ့ နံပါတ် ၃ လုံးနဲ့ ကိုက်ညီတဲ့ နောက်ဆုံး Google Play Services App ကို Download ပြုလုပ်ပြီး Install လိုက်ရုံနဲ့ Play Services ကို Update လုပ်ပြီးသားဖြစ်သွားပါပြီ။