Mobile Internet တွေ ဖြတ်လိုက်တော့ ပြတ်တောက်သွားတဲ့ ဆက်သွယ်ရေ:စနစ်တွေထဲမှာ Google Maps လည်း ပါဝင်လာပါတယ်။ လမ်းပမ်းဆက်သွယ်ရေ:စနစ်အတွက် Google Maps ဟာ အတော်လေးကို အသုံးဝင်တဲ့ ဝန်ဆောင်မှုလို့လည်း ပြောနိုင်ပါတယ်။

အင်တာနက်မရချိန်မှာ Google Maps ကို ဘယ်လိုသုံးမလဲဆိုတဲ့မေးခွန်းအတွက် အဖြေက Offline Maps အနေနဲ့ Download ဆွဲပြီး သိမ်းထားတာပါ။ နည်းပညာနဲ့ နီးစပ်တဲ့လူငယ်အတော်များများက ဒီနည်းလမ်းကို သိပြီးကြမှာဖြစ်ပေမယ့် မသိကြသေးသူအချို့အတွက် ထပ်မံပြီးဖော်ပြပေးလိုက်ရပါတယ်။

Map ကို Download ဆွဲတဲ့နည်းလမ်းက လွယ်ကူပါတယ်။
1.အရင်ဦးဆုံး Google Maps app ကို ဖွင့်လိုက်ပါ။

2.ဒီအချိန်မှာ အင်တာနက်နဲ့ ချိတ်ဆက်ထားဖို့တော့ လိုအပ်ပါတယ်။ ပြီးတော့ Google Maps ကို Signed in ပြုလုပ်ထားဖို့လည်း လိုပါတယ်။

3.နောက်တစ်ဆင့်ကတော့ ကိုယ် Download ဆွဲထားချင်တဲ့ ဧရိယာကို ရှာရမှာပါ။

4.အောက်ခြေက ပေါ်လာတဲ့ Bar မှာ Download ဆိုတဲ့ icon လေးရှိပါတယ်။ အဲဒါကို နှိပ်လိုက်ရင် ကိုယ်သတ်မှတ်ထားတဲ့ ဧရိယာတစ်ခုလုံးကို Offline Map အနေနဲ့ Download ဆွဲပြီး သိမ်းထားလိုက်ပြီ ဖြစ်ပါတယ်။

5.ပြန်သုံးမယ်ဆိုရင်တော့ Search bar ရဲ့ ညာဘက်စွန်းက Signed in လုပ်ထားတဲ့ Account icon လေးကို နှိပ်ပြီး ကျလာတဲ့ Box ထဲမှာ Offline maps ဆိုတာကို ရွေးပြီးသုံးရမှာ ဖြစ်ပါတယ်။

Map ကို Download ဆွဲတဲ့အခါမှာ ဖိုင်အရွယ်အစားက 50MB နဲ့ အထက် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် Mobile Data အစား Wi-Fi ကို အသုံးပြုရင်တော့ အကုန်အကျသက်သာပါလိမ့်မယ်။ Download ဆွဲပြီးသွားတဲ့ ဧရိယာကို Offline အနေနဲ့ သုံးချိန်မှာလည်း Online အနေနဲ့သုံးသလို Get directions and see routes, Use navigation, Search for location စတဲ့ လုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Download မဆွဲချင်ဘူး ဆိုရင်တော့ Myanmar Offline Map လို Apps မျိုး အသုံးပြုနိုင်ပါတယ်။ ဒီ App ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလနောက်ဆုံးရက်တုန်းက Update ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ Android 5.0 နဲ့အထက်ကို ထောက်ပံ့ပေးပါတယ်။ ဒါမှမဟုတ်လည်း MAPS.ME လို App မျိုးကို အသုံးပြုနိုင်ပါတယ်။

Ref: Google