Apple ရဲ့ iOS 15 ဟာ ပြီးခဲ့တဲ့လတုန်းက မိတ်ဆက်ခဲ့ပြီး Developer Beta ထွက်ရှိထားခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ပိုပြီး Stable ဖြစ်လာတဲ့ Public Beta ကို မိတ်ဆက်လိုက်ပြီဖြစ်တဲ့အတွက် တကယ်လို့ Stable Update ထွက်ရှိတဲ့အထိ မစောင့်ဆိုင်းချင်ဘူးဆိုရင် အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

iOS 15 ဟာ iOS Device တွေအတွက် အသုံးဝင်တဲ့ Feature တွေအများအပြားပါဝင်လာပြီး အဆိုပါ Features တွေထဲမှာမှ Live Text Feature ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ယခု Article မှာတော့ Google Lens နဲ့ ဆင်တူတဲ့ Live Text Feature ကို ဘယ်လိုမျိုး အသုံးပြုရမလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အရင်ဆုံးကတော့ ဓါတ်ပုံတွေထဲမှာရှိတဲ့ လိပ်စာလိုမျိုး စာသားတွေကို Copy ကူးယူနိုင်ပြီဖြစ်ပြီး Paste ပြုလုပ်နိုင်တဲ့ ဘယ်နေရာမဆို Paste လုပ်နိုင်တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Business Card ရဲ့ ဓါတ်ပုံတစ်ခုခုရှိတာနဲ့ လိပ်စာ၊​ ဖုန်းနံပါတ်တွေကို ကူးယူထားပြီး Message ၊ Email သို့မဟုတ် Notes App စသဖြင့် နှစ်သက်ရာ Application မှာ “Text from Camera” ဆိုတာကို နှိပ်ပြီး Paste လုပ်လိုက်ရုံပါပဲ။

တကယ်လို့ iPhone XS နဲ့အထက် iPhone တွေကို ရှိတယ်ဆိုရင်တော့ Camera App က စာသားတွေကို အလိုအလျောက်သိရှိနိုင်မှာလည်း ဖြစ်ပါတယ်။ ဒီလိုမျိုး စာသားတွေကို ကူးယူနိုင်တယ်ဆိုရင် Camera Viewfinder ရဲ့ ညာဘက်အောက်ထောက့်နားမှာ Text Logo လေးပေါ်လာမှာဖြစ်ပြီး အဆိုပါ Logo ကို နှိပ်ပြီး Copy ကူးယူနိုင်မယ်လို့ သိရပါတယ်။

ဒီလိုမျိုး Camera နဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေတင်မဟုတ်ဘဲ Live Text ဟာ Photos App ထဲမှာရှိတဲ့ ဓါတ်ပုံတိုင်းမှာလည်း အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Screenshot ပဲဖြစ်ဖြစ်၊ တခြား Save ထားတဲ့ဓါတ်ပုံတွေပဲဖြစ်ဖြစ် စာသားတွေကို Copy ကူးယူချင်တယ်ဆိုရင် ဓါတ်ပုံကို ဖိထားလိုက်တာနဲ့ Select ပြုလုပ်နိုင်တဲ့ Option Menu ပေါ်လာမှာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ Live Text Feature ကို Safari Web Browser မှာလည်း အသုံးပြုနိုင်ပြီး ဓါတ်ပုံတစ်ခုခုကို ဖိထားပြီး “Show Text” ဆိုတဲ့ Option ကို နှိပ်လိုက်ရုံနဲ့ Copy ကူးယူနိုင်မှာဖြစ်ပါတယ်။

Live Text Feature ဟာ Google Lens လိုမျိုးပဲ ရိုက်နှိပ်ထားတဲ့စာသားတွေတင်မဟုတ်ဘဲ လက်ရေးတွေကိုပါ သိရှိနိုင်မှာဖြစ်ပြီး English ၊ Chinese (Traditional and Simplified) ၊ Portuguese ၊ French​၊ Italian ၊ German နဲ့ Spanish အစရှိတဲ့ Language တွေကို Support ပြုလုပ်မှာဖြစ်ပါတယ်။ လောလောဆယ်မှာ iOS 15 ဟာ Public Beta ပဲရှိသေးတဲ့အတွက် တကယ် Stable Update ထွက်ရှိတဲ့အချိန်မှာတော့ Live Text Feature ဟာ အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။

Ref – The Verge