21 ရာစုနှစ် အလွန်မှာ မြန်မာပြည်ကြီးဟာ Information and Technology လို့ခေါ်တဲ့ နည်းပညာ အရုန်း အကြွမှာ အရှိန် အဟုန်နဲ့ စီးဆင်းစပြုလာခဲ့ပြီး ( IT ) ဆိုတဲ့ ဝေါဟာရဟာ လူကြီးတွေ ကြားမှာရော လူငယ်တွေ ကြားမှာ ပါ အရှိန် အဟုန်နဲ့ ပြန့်လွင့် စီးဆင်းလာပါတယ်။ အဲ့ဒီအချိန်မှာလူတိုင်းဟာ နည်းပညာရဲ့ တရှိန်ထိုး စီးဆင်းမှုနောက်ကို မျောလွင့်လိုက်ပါရင်းနဲ့ … ထောင်စုနှစ်သစ်ရဲ့ နည်းပညာ လွှမ်းမိုးမှုကို ကျေနပ်လှိုက်လှဲစွာပဲ လက်ခံခဲ့ကြပါတယ်။ နည်းပညာ အပြောင်းအလှည့်မှာ GTalk ဆိုတဲ့ Instant Messenger ကတဆင့် ကမ္ဘာသစ်ကို လက်ကမ်းခဲ့ကြပါတယ်။ အဲ့ဒီအချိန် က စလို့ မြန်မာပြည်ကြီးဟာ တခေတ်ဆန်းချိန်ရောက်ပီး လက်လှမ်းတာနဲ့ ရောက်နိုင်တဲ့ အဝေးတစ်နေရက ချစ်ခင်ရသော မျှော်လင့်ရသော .. စိတ်ကူးတွေနဲ့ ခြေဆန့် ခဲ့ကြပါတယ်။ မိတ်ဆွေဟောင်းတွေသာမက မိတ်ဆွေအသစ် တွေ နဲ့ရော စည်းချက်ညီညာလှ တဲ့ ညီညွှတ်ခြင်းမှာ မြန်မာတို့ တတွေ အမုန်းတရားမဲ့စွာ ခင်မင်မှုတရားတွေ ရရှိခဲ့ပါတယ်။ဒီလိုနဲ့ ပဲ ….. ခေတ်တစ်ခု ဆန်း ချိန်မှာ ……

IT ခေတ်ရဲ့ အရှိန် အဟုန်ဟာ ပြင်းထန်စွာနဲ့ ပဲ SIM Internet Connection ဆိုတဲ့.. လူတိုင်းအတွက် ( 3G,4G ) Internet ဆိုတာတွေ ပေါ်ပေါက်လာခဲ့တာနဲ့အညီ… လူတိုင်းအတွက် .. အခွင့်အလမ်းတွေ အခွင့်အရေးတွေ များပြားလှတဲ့ ကမ္ဘာကြီးပေါ်က သတင်းအချက်အလက်တွေ မျှဝေယူရင်းနဲ့ …. နည်းပညာရဲ့ မှော်ဆန်တဲ့ ပြောင်းလဲဖော်ဆောင်မှုတွေက ….အဝေးနေရာတွေကနေ နီးစပ်မှုကိုဖန်တီးပေးနိုင်ခဲ့တဲ့ Connection တွေကိုချိတ်ဆက်နိုင်ခဲ့ကြပါတယ်။ အဝေးက Connection တွေကို ဖန်တီးနိုင်ဖို့ Notebook လို့ ခေါ်တဲ့ အလွယ်တကူသယ်ဆောင်သွားနိုင်တဲ့ကွန်ပျူတာတွေရဲ့ခေတ်ကို အလျှင်အမြန် နဲ့ပဲ ရောက်ရှိလာခဲ့ပါတယ်။

Notebook တွေရဲ့စွမ်းဆောင်ရည်ဟာ အံ့မခန်းစရာပါပဲ … Wireless Network တွေ၊ LAN လို့ခေါ်တဲ့ Computer တွေအချင်းချင်း Network ချိတ်ဆက်မှုတွေကနေတဆင့် ဆက်သွယ်ရင်းနဲ့ ချစ်ခြင်းတွေ … မေတ္တာတွေ …. နားလည်မှုတွေကို ရရှိခဲ့ကြပါတယ်။

Computer တွေအချင်းချင်း ချိတ်ဆက်လာနိုင်တဲ့ Network တွေရဲ့ အပိုင်းက တဆင့် Notebook Computer သုံးစွဲမှုရပ်ဝန်းမှာ ပျံ့နှံ့ရင်း အဓိကကျတဲ့ Wireless Network ကို အလွယ်တကူ အသုံးပြုနိုင်တဲ့ Personal Notebook တွေကို သုံးစွဲသူတွေ ပိုပိုများပြားလာပြီး …Computer ကို ပိုပြီး ကျစ်လစ်သိပ်သည်းပြီး စတိုင်ကျ စွဲမက်ဖွယ်ကောင်းမယ့် Notebook တွေ ဆီကို တဖြည်းဖြည်းချင်းနဲ့… နည်းပညာရဲ့ ဆွဲဆောင်မှုနောက်ကို လိုက်ပါ ရင်းနဲ့ ပိုမိုပါးလွှာ ပိုမိုကောင်းမွန်တဲ့ … Notebook တွေရဲ့ ယဉ်ကျေးမှု ဆိုတာ စတင်အသက်ဝင်ခဲ့ ပါတယ်။သုံးစွဲသူအချင်းချင်း အဆင့်ဆင့်တွေ .. ယှဉ်ပြိုင်ရင်းက …

ချမ်းသာကြွယ်ဝမှုကိုအားပြိုင်ရာ Brand အဖြစ် HP Brand ကို ကမ္ဘာ့ နံပါတ် ( ၁ ) Brand အနေနဲ့ သတ်မှတ်ခဲ့ကြပါတယ်။

HP Brand ဟာ မြန်မာပြည်မှာ စတင်နေရာယူခဲ့တဲ့အချိန်ကစလို့ သူ့ ရဲ့ ထင်ရှားပြီး လှပတဲ့ Pavilion Series တွေနဲ့သူ့ရဲ့ ပရိသတ်ကို စွဲဆောင်ခဲ့ပြီးနောက်မှာ , ENVY ဆိုတဲ့ အများအမြင်မှာ လှပါတယ် ဆန်းပါတယ်ဆိုတဲ့ ပုံစံတွေ နဲ့ သူ့ရဲ့ ပရိသတ်ကို ဆွဲဆောင်လာခဲ့ပြီးတော့ , Spectre ဆိုတဲ့ ကမ္ဘာမှာ အပါဆုံး Notebook Computer ရဲ့ စံချိန်ကို ပထမဆုံးတင်ခဲ့တဲ့ Series တွေကို သူ့ရဲ့ ပရိသတ်တွေကြားကို အရောက်ပို့ခဲ့ပါတယ်။ HP ရဲ့ ရင်ခုန်စရာ စိတ်လှုပ်ရှားစရာ .. Pavilion , ENVY , Spectre တွေထဲကမှအခုဝင်ရောက်လာတဲ့ HP Envy Series အကြောင်းကို အနည်းငယ်ပြောသွားပါမယ်။

စိန်တစ်ပွင့် ရဲ့ အရေအသွေးတမျှ လှပဆန်းသစ်စွာ ပုံဖော်ဆန်း သစ်ထားတဲ့ HP ENVY 2017 Series ရဲ့ နည်းပညာဆန်းသစ်မှုဟာ မိနစ် ၃၀ အားသွင်းတာနဲ့ Battery ကို 50% ထိ လျှင်မြန်စွာအားဝင်ပြီး ..… 50% Battery အားနဲ့ ၄နာရီကနေ ၆ နာရီအထိ အသုံးပြုနိုင်တာတွေ အပြင် Solid State Drive ရဲ့ လျှင်မြန်မှုကြောင့် အလုပ်များကို မြန်ဆန်စွာ ပြီးမြောက်နိုင်ခြင်း၊ ပါးလွှာတဲ့ Design နဲ့ပြုလုပ်ထားပြီးတော့ အမှောင်ထဲမှာတောင် လုပ်ငန်းပြီးမြောက်အောင်ကူညီပေးနိုင်တဲ့ Backlit Keyboard လည်း ပါဝင်ဦးမှာဖြစ်ပါတယ်။

တန်ဖိုးမြင့် ကား များမှာသာပါဝင်သော Bang & Oulfsen ဆိုတဲ့ နာမည်ကြီး ကြည်လင်ပြတ်သား သော အသံစနစ် ပါဝင်လာခြင်း စတဲ့ အဆင့် မြင့် နည်းပညာတွေနဲ့ ထိုးဖောက်ဝင်ရောက်လာရင်းနဲ့ အဆင့်မြင့် Battery Management ကြောင့် တစ်နေကုန်လည်း စိတ်ကြိုက်အသုံးပြုနိုင်ဦးမှာပါ။

နည်းပညာခေတ်ရဲ့ အလှည့်အပြောင်းတွေကို Smart ကျကျ HP ENVY ကို သုံးရင်းနဲ့ .. ယုံကြည်မှုများ .. ၀င့်ကြွားမှုများစွာနဲ့ ဖြတ်သန်းရင်းနဲ့ HP Brand ကပေးတဲ့ သင့် ကိုယ်တိုင်အပြင် သင့်ရဲ့ ပတ်ဝန်းကျင်ကပါ ယုံကြည်မှု .. လေးစားမှု နဲ့ … စတိုင်ကျမှုတွေ ကို ကိုယ်စားပြုနိုင်ဖို့ …. ။