Laptop တွေကို သာမန်အတိုင်း Laptop တစ်ခုအနေနဲ့ပဲ အသုံးပြုနေရတာက ပျင်းဖို့ကောင်းတယ်လို့ မထင်မိကြဘူးလား။ အခုအချိန်မှာ Android Tablet တွေလည်း ရောင်းချတာနည်းသွားတော့ Windows Laptop တစ်ခုကိုပဲ Ultrabook အနေနဲ့ Tablet တစ်ခုလိုပါ အသုံးပြုနိုင်မယ်ဆိုရင် စိတ်ဝင်စားပါသလား?

အခုလိုမျိုးအတွက်ကတော့ HP ရဲ့ Pavilion x360 Laptop ရှိနေတာပဲဖြစ်ပါတယ်။ HP Pavilion x360 Laptop ဟာဆိုရင် 14″ Display ကို အသုံးပြုထားပြီးတော့ Multi-touch စနစ်ကိုပါ အသုံးပြုထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် x360 လို့ ဆိုထားတဲ့အတွက် ၃၆၀ ဒီဂရီအထိ နောက်ကို ပြန်ပြီး လှန်ချိုးပြီးတော့ Windows Tablet တစ်ခုအနေနဲ့ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Specifications ပိုင်းအနေနဲ့လည်း HP Pavilion x360 က မြင့်မားပြီးတော့ Intel ရဲ့ 7th Gen i7 Processor ၊ RAM 8GB နဲ့ 1TB HDD တွေပါဝင်နေပါတယ်။ Graphic Card ကလည်း Nvidia GT940MX 2GB ကို အသုံးပြုထားတာပဲစြဖ်ပါတယ်။

အခု HP ရဲ့ Pavilion x360 Laptop ဟာ Windows 10 Home License Version လည်းပါဝင်မှာဖြစ်ပြီးတော့ Back-lit Keyboard ၊ HD Webcam နဲ့ ကြာရှည်စွာအသုံးပြုနိုင်ဖို့အတွက်လည်း 3 Cells Battery ကို အသုံးပြုထားပါတယ်။

အဲ့ဒီအတွက် အခုလိုမျိုး စတိုင်ကျကျနဲ့ လှပပြီး Laptop တစ်ခုလိုမျိုးရော၊ Tablet တစ်ခုအနေနဲ့ပါ အသုံးပြုနေချင်တယ်ဆိုရင် HP Pavilion x360 Laptop က အကောင်းဆုံးပြောလို့ရမှာပါ။