ဒီနှစ် ကမ္ဘာကျော် နည်းပညာပြပွဲကြီးမှာ လူစိတ်ဝင်အစားဆုံး Desktop ကွန်ပျုတာကတော့ HP Sprout Pro G2 ကွန်ပျုတာဖြစ်ပါတယ်။

သူ့မှာ ၂၁.၃ လက်မ ကျယ်ဝန်းတဲ့ Full HD Digital အရည်အသွေးရှိ ဆင်ဆာ Touch Screen လည်းပါဝင်လာပါတယ်။

ကွန်ပျုတာ Screen ပေါ်မှာ Touch ရရုံသာမက ကွန်ပျုတာ စခရင် (Screen )ကို  ပြန်လည် လွှင့်ထုတ်တဲ့ Projector လိုမျိုးပါဝင်ပါတယ်။ အဲ့ဒီ Projector ကလွှင့်တဲ့  ဒုတိယမြောက် Screen ကိုလည်း Touch လုပ်ပြီး ကြိုက်သလို အသုံးပြုနိုင်ပါတယ်။

အဲ့ဒီအပြင် အရင်တစ်ခေါက်ထုတ်လုပ်တဲ့ Sprout Pro နဲ့ မတူညီတာကတော့  ပစ္စည်းလေးတွေကို ဆင်ဆာ ဖတ် (Scan) လုပ်နိုင်ရုံသာမက 2D, 3D ပုံဖြင့် ပြန်လည် ပြသနိုင်လာပါပြီ။

HP Sprout Pro G2 မှာ Intel Core i7, 7th Generation နဲ့ Ram 8 GB DD4 Memory ပါဝင်ပါတယ်။

Microsoft Windows 10 Pro နဲ့ Graphic ကတော့ Nvidia GTX 960 M GPU အသုံးပြုထားပါတယ်။ ဖြန့်ဖြူးရောင်းချမယ့် နေ့ရက်နဲ့ ဈေးနှုန်းကိုတော့ မကြေညာသေးပါဘူး။