HTC ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းလောက ကနေ ပျောက်ကွယ်တော့မယ့်အတိုင်းဖြစ်နေပြီးတော့ ဆက်တိုက်ကို အရှုံးနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိထွက်ပေါ်လာတဲ့သတင်းတွေအရ HTC ဟာ ၂ နှစ်အတွင်းမှာ ပထမဆုံးဖြစ်လာမယ့် Flagship စမတ်ဖုန်းအသစ်ကို မိတ်ဆက်လာတော့မယ်လို့ သိရပါတယ်။

ယခု HTC ရဲ့ Flagship စမတ်ဖုန်းအသစ်အကြောင်းကို အတိအကျမသိရှိရသေးပေမယ့် 5G ကို Support ပြုလုပ်မှာဖြစ်တဲ့အပြင် အရင်ဆုံးအနေနဲ့ ထိုင်ဝမ်နိုင်ငံမှာ အရင်မိတ်ဆက်ပြီးရောင်းချသွားမယ်လို့ သိရပါတယ်။

မိတ်ဆက်မယ့်အချိန်အနေနဲ့ကတော့ လာမယ့်ဇူလိုင်လဝန်းကျင်မှာ မိတ်ဆက်သွားမှာဖြစ်ပြီး HTC ရဲ့ နောက်ဆုံး Flagship ဖုန်းဖြစ်တဲ့ HTC U12+ ရဲ့ မျိုးဆက်သစ် သို့မဟုတ် HTC Desire Series အနေနဲ့ မိတ်ဆက်လာနိုင်ခြေရှိနေပါတယ်။ အသုံးပြုလာမယ့် Processor နဲ့ပတ်သက်ပြီး အတိအကျမသိရသေးပေမယ့် Flagship ဖုန်းတစ်ခုဖြစ်နေတဲ့အတွက် Qualcomm Snapdragon 865 Chipset ကို အသုံးပြုလာဖို့များနေပါတယ်။

ဘာပဲဖြစ်ဖြစ် HTC အနေနဲ့ အဆိုပါ Flagship ဖုန်းအသစ်အပြင် Mid Range ဖုန်းတွေဖြစ်တဲ့ 4G Desire 20 Series ကိုလည်း လာမယ့်ဇွန်လပိုင်းမှာ မိတ်ဆက်သွားဦးမယ်လို့ သိရပါတယ်။ HTC အနေနဲ့ ဒီနှစ်မှာ စမတ်ဖုန်းလောကထဲကို ပြန်လည်ဝင်ရောက်လာနိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China