HTC Wildfire E2 ကို Google Play Console မှာ တွေ့ခဲ့ရပြီးနောက်မှာ ရုရှားမှာ ရောင်းချပေးလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်း မိတ်ဆက်ပွဲကို မပြုလုပ်ပေးခဲ့ဘဲ ရောင်းပေးလိုက်တာပါ။ ဒါဟာ စွမ်းရည်နိမ့် ဖုန်း ဖြစ်တဲ့အတွက် မိတ်ဆက်ပွဲ မပြုလုပ်တော့တာလည်း ဖြစ်နိုင်ပါတယ်။ မကြာခင်မှာ တခြား နိုင်ငံတွေမှာ ရောင်းချပေးမလားဆိုတာ မသိရသေးပါဘူး။

HTC Wildfire E2 မှာ ၆.၂၂ လက်မ 720x1560p IPS မျက်နှာပြင် ထည့်သွင်းထားပြီး MediaTek Helio P22 Chipset မောင်းနှင်ထားပါတယ်။ 4GB RAM နဲ့ 64GB Storage ပါလာပြီး microSD Card စိုက်နိုင်ပါတယ်။

အနောက်ဘက်မှာ 16MP Main (Autofocus) နဲ့ 2MP Depth ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။ ဆဲလ်ဖီး ကင်မရာကို အရွယ်သေး Notch မှာ တပ်ဆင်ထားပြီး 4,000mAh ဘက်ထရီနဲ့ USB-C Port ပါပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာနဲ့ Android 10 ထည့ထားပါတယ်။

အရွယ်အစား အပြည့်အစုံမှာ 158.4 x 75.9 x 8.95 mm နဲ့ အလေးချိန်မှာ ၁၇၃ ဂရမ် ဖြစ်ပါတယ်။ ရုရှားမှာ ၈၇၆၀ ရူဘယ် သတ်မှတ်ထားပြီး ၁ သိန်း ၆ သောင်းလောက် ရှိပါတယ်။

Ref : gsmarena