စမတ်ဖုန်း လောကမှာ HTC ဟာ ပျောက်ချက်သားကောင်းနေပြီး အခုတော့ တန်ဖိုးနည်း စွမ်းရည်နိမ့် စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ HTC Wildfire E2 Plus လို့ နာမည်ပေးထားပြီး ရုရှားမှာ ၁၂,၉၉၀ ရူဘယ် သတ်မှတ်ထားကာ မြန်မာငွေ ၃ သိန်း ၁ သောင်းလောက် ကျသင့်မှာ ဖြစ်ပါတယ်။

Wildfire E2 Plus is HTC's first smartphone with 6.8-inches screen; runs  Tiger T610 | DroidAfrica

စွမ်းရည်နိမ့် စမတ်ဖုန်း ဆိုပေမယ့် မျက်နှာပြင်ဘေးဘောင်တွေက ပါးလွှာတဲ့အတွက် ဒီဇိုင်း လှပပါတယ်။ ၆.၈၂ လက်မ IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး HD+ Resolution နဲ့ 60Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အရွယ်သေး Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

HTC Wildfire E2 Plus

အနောက်ကင်မရာ ၄ လုံးကို လေးထောင့် အကွက်ထဲမှာ ထည့်သွင်းထားပြီး 13MP Main , 5MP Ultrawide , 2MP Macro နဲ့ 2MP Depth တွေ ဖြစ်ပါတယ်။ Octa-core UNISOC Tiger T610 Processor မောင်းနှင်ထားပြီး 4,600mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။ Fast Charging မပါလာဘူးလို့ ထင်ရပြီး အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ နားကြပ်ပေါက်နဲ့ microSD Card Slot ထည့်သွင်းပေးထားပါတယ်။

4GB RAM + 64GB Storage ၁ မျိုးထဲ ထုတ်လုပ်ထားပြီး Android 11 OS မောင်းနှင်ထားပါတယ်။ တခြားနိုင်ငံတွေမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gizmochina