[Zawgyi]

Huawei က 5G အေျချပဳ ထုတ္ကုန္ အသစ္ေတြကို ေၾကညာလိုက္ပါတယ္။ 5G Smartphone ေတြကို လူတိုင္း မ၀ယ္ႏိုင္ၾကပါဘူး။ ဒါေပမယ့္ စိတ္ညစ္စရာ မလိုပါဘူး။ 5G အျမန္ႏႈန္းကို ခံစားႏိုင္မယ့္ Mobile Routers ေတြကို Huawei က မိတ္ဆက္လိုက္ပါတယ္။ 5G Mobile WiFi Pro နဲ႔ 5G Mobile WiFi ေတြ သံုးရင္ သင့္ 5G မဟုတ္တဲ့ Device ေတြမွာ 5G လိုမ်ိဴး ျမန္ႏႈန္းကို အသုံးျပဳႏိုင္မွာပါ။

Huawei 5G Mobile WiFi Pro (အနက္ေရာင္) မွာ အရြယ္ႀကီး 8,000mAh Battery ပါတဲ့အတြက္ အခ်ိန္အေတာ္ၾကာ အသံုးခံပါတယ္။  5G က ဘက္ထရီ ပိုစားတဲ့အတြက္ ဒီလို အရြယ္ႀကီး Battery နဲ႔ဆိုရင္ အိုေကပါတယ္။ အဲဒီ ကိရိယာက သင့္ Device ေတြကိုလည္း အားသြင္းေပးႏိုင္ပါေသးတယ္။ 40W Input Charging , 22.5W Output Wired Charging နဲ႔ 15W Reverse Wireless Charging ေတြကို ေထာက္ပံ့ပါတယ္။

Huawei 5G Mobile WiFi (အျဖဴေရာင္) မွာေတာ့ အနည္းငယ္ေသးတဲ့ 4,000mAh Battery ထည့္ထားပါတယ္။ 18W Charging ကို ေထာက္ပံ့ေပမယ့္ Wireless Charging မပါပါဘူး။ 5G Mobile WiFi Pro နဲ႔ 5G Mobile WiFi ေတြဟာ Power Bank နဲ႔ တူပါတယ္။ ထိပ္ဖက္က Screen မွာ QR Code ၁ ခု ျပသထားၿပီး ကြန္ရက္ကို ျမန္ျမန္ ခ်ိတ္ဆက္ႏုိင္ပါတယ္။

Balong 5000 Modem ထည့္သြင္းထားၿပီး NSA နဲ႔ SA ကို ေထာက္ပံ့ပါတယ္။ Huawei က 1.56Gbps Connections Speeds နဲ႔ 867Mbps Internet Speeds အထိ ေထာက္ပံ့တယ္လို႔ ေျပာပါတယ္။ 4K 60fps Live Streaming ကို ခံစားႏုိင္မွာ ျဖစ္ပါတယ္။ ေစ်းႏႈန္းကို မသိရေသးေပမယ့္ ဒီဇင္ဘာလမွာ ေရာင္းမွာပါ။

Ref : gizmochina

[Unicode]

Huawei က 8000mAh Battery ပါတဲ့ 5G Mobile WiFi Pro ကို ကြေညာ

Huawei က 5G အခြေပြု ထုတ်ကုန် အသစ်တွေကို ကြေညာလိုက်ပါတယ်။ 5G Smartphone တွေကို လူတိုင်း မဝယ်နိုင်ကြပါဘူး။ ဒါပေမယ့် စိတ်ညစ်စရာ မလိုပါဘူး။ 5G အမြန်နှုန်းကို ခံစားနိုင်မယ့် Mobile Routers တွေကို Huawei က မိတ်ဆက်လိုက်ပါတယ်။ 5G Mobile WiFi Pro နဲ့ 5G Mobile WiFi တွေ သုံးရင် သင့် 5G မဟုတ်တဲ့ Device တွေမှာ 5G လိုမျိူး မြန်နှုန်းကို အသုံးပြုနိုင်မှာပါ။

Huawei 5G Mobile WiFi Pro (အနက်ရောင်) မှာ အရွယ်ကြီး 8,000mAh Battery ပါတဲ့အတွက် အချိန်အတော်ကြာ အသုံးခံပါတယ်။ 5G က ဘက်ထရီ ပိုစားတဲ့အတွက် ဒီလို အရွယ်ကြီး Battery နဲ့ဆိုရင် အိုကေပါတယ်။ အဲဒီ ကိရိယာက သင့် Device တွေကိုလည်း အားသွင်းပေးနိုင်ပါသေးတယ်။ 40W Input Charging , 22.5W Output Wired Charging နဲ့ 15W Reverse Wireless Charging တွေကို ထောက်ပံ့ပါတယ်။

Huawei 5G Mobile WiFi (အဖြူရောင်) မှာတော့ အနည်းငယ်သေးတဲ့ 4,000mAh Battery ထည့်ထားပါတယ်။ 18W Charging ကို ထောက်ပံ့ပေမယ့် Wireless Charging မပါပါဘူး။ 5G Mobile WiFi Pro နဲ့ 5G Mobile WiFi တွေဟာ Power Bank နဲ့ တူပါတယ်။ ထိပ်ဖက်က Screen မှာ QR Code ၁ ခု ပြသထားပြီး ကွန်ရက်ကို မြန်မြန် ချိတ်ဆက်နိုင်ပါတယ်။

Balong 5000 Modem ထည့်သွင်းထားပြီး NSA နဲ့ SA ကို ထောက်ပံ့ပါတယ်။ Huawei က 1.56Gbps Connections Speeds နဲ့ 867Mbps Internet Speeds အထိ ထောက်ပံ့တယ်လို့ ပြောပါတယ်။ 4K 60fps Live Streaming ကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကို မသိရသေးပေမယ့် ဒီဇင်ဘာလမှာ ရောင်းမှာပါ။

Ref : gizmochina