[Zawgyi]

ကမာၻ႔နည္းပညာကုမၸဏီႀကီးေတြရဲ႕ တတိယသုံးလပတ္ဆိုင္ရာ ဘ႑ာေရးအစီရင္ခံစာေတြ အသီးသီးထြက္ေပၚလာခဲ့ၿပီးခ်ိန္မွာ Strategy Analytics ရဲ႕ ၿခဳံငုံသုံးသပ္ခ်က္လည္း ထြက္ေပၚလာခဲ့ၿပီ ျဖစ္ပါတယ္။ ကုမၸဏီႀကီးေတြအေနနဲ႔ အေကာင္းဘက္ခ်ည္း သီးသန႔္ရွိေနခဲ့ၾကတာေတာ့မဟုတ္ပါဘူး။ က်ဆင္းျခင္းရွိသလို၊ တိုးတက္ျခင္းေတြလည္း ရွိခဲ့ၾကတာပါ။

အၾကမ္းအားျဖင့္ ေျပာရမယ္ဆိုရင္ေတာ့ ကမာၻ႔စမတ္ဖုန္းေဈးကြက္ဟာ ၂၀၁၇ တတိယသုံးလပတ္ၿပီးေနာက္ပိုင္းမွာ ၂ ရာခိုင္ႏႈန္းေလာက္ေတာ့ ျပန္ၿပီးေကာင္းမြန္လာခဲ့တာကို ေတြ႕ရပါတယ္။ ၂၀၁၈ တတိယသုံးလပတ္မွာ ကမာၻ႔စမတ္ဖုန္းတင္ပို႔ေရာင္းခ်မႈဟာ ၃၅၉.၈ သန္း ရွိခဲ့ပါတယ္။ အခုေတာ့ ၃၆၆.၃ သန္းပဲ ရွိခဲ့တာပါ။

Strategy Analytics ရဲ႕ ေဖာ္ျပမႈမွာေတာ့ အဓိကေမာင္းႏွင္အားႏွစ္ခုဟာ ေဈးႏႈန္းခ်င္း ယွဥ္ၿပိဳင္လာၾကတဲ့အေၾကာင္းရင္းနဲ႔၊ 5G ကို မိတ္ဆက္လာၾကတဲ့ အေၾကာင္းရင္း ေတြေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ထိပ္ဆုံးက စမတ္ဖုန္းထုတ္လုပ္မႈလုပ္ငန္း ၅ ခုထဲမွာ Samsung နဲ႔ Huawei ေအာင္ေအာင္ျမင္ျမင္နဲ႔ ျဖတ္သန္းႏိုင္ခဲ့ၾကၿပီး တိုးတက္မႈေတြ ျဖစ္ေပၚခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ သုံးလပတ္ကာလနဲ႔ႏႈိင္းယွဥ္မယ္ဆိုရင္ Samsung ဟာ ၈ ရာခိုင္ႏႈန္း၊ Huawei ကေတာ့ အထင္ႀကီးေလာက္စရာ ၂၉ ရာခိုင္ႏႈန္းအျဖစ္ ေရာင္းအားေတြ အသီးသီး တိုးတက္ခဲ့ၾကတာ ျဖစ္ပါတယ္။ အျခားကုမၸဏီတစ္ခုျဖစ္တဲ့ Apple ကေတာ့ ၃ ရာခိုင္ႏႈန္း က်ဆင္းသြားတာကို ေတြ႕ျမင္ရပါတယ္။

Samsung ရဲ႕ ရလဒ္ေကာင္းဟာ Galaxy Note 10 လိုင္းေၾကာင့္ျဖစ္ၿပီး Mid-range ေတြျဖစ္တဲ့ Galaxy A လိုင္းကလည္း တစ္ဘက္တစ္လမ္းက အေထာက္အကူျပဳေပးခဲ့တာ ျဖစ္ပါတယ္။ ေဈးကြက္ေဝစုမွာေတာ့ ၂၁.၃ ရာခိုင္ႏႈန္းကို ပိုင္ဆိုင္ခဲ့ၿပီး အနီးကပ္ဆုံးၿပိဳင္ဘက္ Huawei ကေတာ့ ၁၈.၂ ရာခိုင္ႏႈန္း ျဖစ္ခဲ့တာကို ေတြ႕ရပါတယ္။

Ref: GSM Arena

[Unicode]

၂၀၁၉ တတိယသုံးလပတ်ကို Samsung နဲ့ Huawei တို့ကပဲ ဦးဆောင်နေခဲ့ကြောင်း Strategy Analytics ကဖော်ပြ

ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးတွေရဲ့ တတိယသုံးလပတ်ဆိုင်ရာ ဘဏ္ဍာရေးအစီရင်ခံစာတွေ အသီးသီးထွက်ပေါ်လာခဲ့ပြီးချိန်မှာ Strategy Analytics ရဲ့ ခြုံငုံသုံးသပ်ချက်လည်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ကုမ္ပဏီကြီးတွေအနေနဲ့ အကောင်းဘက်ချည်း သီးသန့်ရှိနေခဲ့ကြတာတော့မဟုတ်ပါဘူး။ ကျဆင်းခြင်းရှိသလို၊ တိုးတက်ခြင်းတွေလည်း ရှိခဲ့ကြတာပါ။

အကြမ်းအားဖြင့် ပြောရမယ်ဆိုရင်တော့ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ဟာ ၂၀၁၇ တတိယသုံးလပတ်ပြီးနောက်ပိုင်းမှာ ၂ ရာခိုင်နှုန်းလောက်တော့ ပြန်ပြီးကောင်းမွန်လာခဲ့တာကို တွေ့ရပါတယ်။ ၂၀၁၈ တတိယသုံးလပတ်မှာ ကမ္ဘာ့စမတ်ဖုန်းတင်ပို့ရောင်းချမှုဟာ ၃၅၉.၈ သန်း ရှိခဲ့ပါတယ်။ အခုတော့ ၃၆၆.၃ သန်းပဲ ရှိခဲ့တာပါ။

Strategy Analytics ရဲ့ ဖော်ပြမှုမှာတော့ အဓိကမောင်းနှင်အားနှစ်ခုဟာ ဈေးနှုန်းချင်း ယှဉ်ပြိုင်လာကြတဲ့အကြောင်းရင်းနဲ့၊ 5G ကို မိတ်ဆက်လာကြတဲ့ အကြောင်းရင်း တွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထိပ်ဆုံးက စမတ်ဖုန်းထုတ်လုပ်မှုလုပ်ငန်း ၅ ခုထဲမှာ Samsung နဲ့ Huawei အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းနိုင်ခဲ့ကြပြီး တိုးတက်မှုတွေ ဖြစ်ပေါ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် သုံးလပတ်ကာလနဲ့နှိုင်းယှဉ်မယ်ဆိုရင် Samsung ဟာ ၈ ရာခိုင်နှုန်း၊ Huawei ကတော့ အထင်ကြီးလောက်စရာ ၂၉ ရာခိုင်နှုန်းအဖြစ် ရောင်းအားတွေ အသီးသီး တိုးတက်ခဲ့ကြတာ ဖြစ်ပါတယ်။ အခြားကုမ္ပဏီတစ်ခုဖြစ်တဲ့ Apple ကတော့ ၃ ရာခိုင်နှုန်း ကျဆင်းသွားတာကို တွေ့မြင်ရပါတယ်။

Samsung ရဲ့ ရလဒ်ကောင်းဟာ Galaxy Note 10 လိုင်းကြောင့်ဖြစ်ပြီး Mid-range တွေဖြစ်တဲ့ Galaxy A လိုင်းကလည်း တစ်ဘက်တစ်လမ်းက အထောက်အကူပြုပေးခဲ့တာ ဖြစ်ပါတယ်။ ဈေးကွက်ဝေစုမှာတော့ ၂၁.၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပြီး အနီးကပ်ဆုံးပြိုင်ဘက် Huawei ကတော့ ၁၈.၂ ရာခိုင်နှုန်း ဖြစ်ခဲ့တာကို တွေ့ရပါတယ်။

Ref: GSM Arena