[Zawgyi]

သမၼတထရမ့္ရဲ႕ အမိန႔္အာဏာေအာက္မွာ Huawei ကုမၸဏီနဲ႔ဆက္ႏြယ္မႈေတြကို ျဖတ္ေတာက္ခဲ့ၾကေပမယ့္လည္း အေမရိကန္ရဲ႕ ကုမၸဏီအခ်ိဳ႕ဟာ ရာႏႈန္းျပည့္ေထာက္ခံၾကတာမဟုတ္ဘူးလို႔ ဆိုရမွာပါ။ Huawei ကို အေမရိကန္နဲ႔ ေဝးေဝးမွာ ထားခ်င္ေပမယ့္ ႏိုင္ငံရဲ႕လုံၿခဳံေရးကိုေတာ့ ထိခိုက္ဖြယ္ရာ နည္းလမ္းေတြ ရွိေနေၾကာင္း Google က သတိေပးလိုက္ပါတယ္။

လက္ရွိအေျခအေနအရ Huawei ဟာ အေမရိကန္နဲ႔ ကုန္သြယ္မႈ မျပဳလုပ္ႏိုင္ဘဲ နည္းပညာရင္းျမစ္ပိုင္းမွာလည္း အေမရိကန္ရဲ႕ ေထာက္ပံ့မႈအခ်ိဳ႕ကို မရရွိႏိုင္တာ ျဖစ္ပါတယ္။ ဒါေပမယ့္ အခုလိုမရႏိုင္တာက အေမရိကန္ကုမၸဏီေတြနဲ႔ သက္ဆိုင္ရာဆီကေန တရားဝင္လိုင္စင္နဲ႔ ရယူသုံးစြဲခြင့္ မရတာဘဲ ျဖစ္ပါတယ္။

ထရမ့္အစိုးရကေတာ့ Huawei ကထုတ္လုပ္ေရာင္းခ်ထားတဲ့ အစိတ္အပိုင္းေတြဟာ ႏိုင္ငံေတာ္လုံၿခဳံေရးကို အႏၲရာယ္ေပးႏိုင္တာေၾကာင့္ အသုံးမျပဳဖို႔အျပင္ ႏွစ္ႏိုင္ငံအၾကား ထပ္မံေျပာဆိုေဆြးေႏြးမႈ ျပဳလုပ္ၿပီး ဆုံးျဖတ္ခ်က္တစ္ခု ထြက္မလာခင္မွာ ကုန္သြယ္မႈ မျပဳလုပ္ဖို႔ တားျမစ္ထားတာလည္း ျဖစ္ပါတယ္။

ဒါေပမယ့္ Huawei ဟာ Android ေနရာမွာ အစားထိုးမယ့္ OS ကို အေစာကတည္းက ပိုင္ဆိုင္ထားၿပီးျဖစ္တာကို Google က စိုးရိမ္ေနပါတယ္။ တ႐ုတ္ကုမၸဏီကဖန္တီးလိုက္တဲ့ Android forked version ေၾကာင့္ ထိုးေဖာက္တိုက္ခိုက္ခံရမႈေတြ ပိုၿပီးျဖစ္ပြားလာႏိုင္တဲ့ အေျခအေနအေပၚ Google က စိုးရိမ္ေနတာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Google ဟာ Huawei နဲ႔အတူ ဆက္လက္ပူးတြဲလုပ္ေဆာင္ဖို႔အတြက္ အေမရိကန္နဲ႔ ညႇိႏႈိင္းေဆြးေႏြးေနတယ္လို႔ သိရပါတယ္။ အေၾကာင္းအရင္းကေတာ့ Operating System အသစ္တစ္ခု ထပ္မံထြက္ေပၚလာရင္ Google တစ္ဦးတည္းပိုင္ဆိုင္တဲ့ Android ေစ်းကြက္ကို ထိခိုက္ေစႏိုင္ၿပီး Google ရဲ႕ ေစ်းကြက္ ရွယ္ယာေတြ ေလ်ာ့နည္းသြားႏိုင္လို႔ ျဖစ္ပါတယ္။

မူလအစစ္အမွန္ Google licensed version နဲ႔ Huawei ရဲ႕ “hybrid” version (ေပါင္းစပ္ထားတဲ့ ပုံစံ) ဆိုၿပီး Android ပုံစံႏွစ္မ်ိဳးျဖစ္ေပၚလာမွာ ကို Google က စိုးရိမ္ေနေၾကာင္း သတင္းထြက္ေပၚလာပါတယ္။ ဒီေနာက္မွာေတာ့ Bugs ေတြပိုမိုေပၚေပါက္လာၿပီး ဟက္ကာေတြအတြက္ ပိုေကာင္းတဲ့ လမ္းစေတြလည္း ေပၚေပါက္လာႏိုင္မယ္လို႔ Google က ဆိုပါတယ္။

အက်ိဳးဆက္အားျဖင့္ အေမရိကန္အပါအဝင္၊ ကမာၻတစ္ဝန္းလုံးက Huawei ဟန္းဆက္ ကိုင္ေဆာင္ထားတဲ့ သန္းေပါင္းမ်ားစြာေသာ Google user ေတြရဲ႕ လုံၿခဳံမႈကို ထိခိုက္လာေစႏိုင္မွာျဖစ္ပါတယ္။ Google နဲ႔နီးစပ္တဲ့ ကုမၸဏီတစ္ခုကေတာ့ သူတို႔ဟာ ဒီကိစၥနဲ႔ပတ္သက္ၿပီး အုပ္ခ်ဳပ္မႈပိုင္းဆိုင္ရာနဲ႔ ေတြ႕ဆုံညႇိႏႈိင္းေနတုန္း ျဖစ္တယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

Huawei ရဲ့ Android အစားထိုးမှုဟာ နိုင်ငံ့လုံခြုံရေးအတွက် အန္တရာယ်ဖြစ်စေနိုင်ကြောင်း Google သတိပေး

သမ္မတထရမ့်ရဲ့ အမိန့်အာဏာအောက်မှာ Huawei ကုမ္ပဏီနဲ့ဆက်နွယ်မှုတွေကို ဖြတ်တောက်ခဲ့ကြပေမယ့်လည်း အမေရိကန်ရဲ့ ကုမ္ပဏီအချို့ဟာ ရာနှုန်းပြည့်ထောက်ခံကြတာမဟုတ်ဘူးလို့ ဆိုရမှာပါ။ Huawei ကို အမေရိကန်နဲ့ ဝေးဝေးမှာ ထားချင်ပေမယ့် နိုင်ငံရဲ့လုံခြုံရေးကိုတော့ ထိခိုက်ဖွယ်ရာ နည်းလမ်းတွေ ရှိနေကြောင်း Google က သတိပေးလိုက်ပါတယ်။

လက်ရှိအခြေအနေအရ Huawei ဟာ အမေရိကန်နဲ့ ကုန်သွယ်မှု မပြုလုပ်နိုင်ဘဲ နည်းပညာရင်းမြစ်ပိုင်းမှာလည်း အမေရိကန်ရဲ့ ထောက်ပံ့မှုအချို့ကို မရရှိနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုမရနိုင်တာက အမေရိကန်ကုမ္ပဏီတွေနဲ့ သက်ဆိုင်ရာဆီကနေ တရားဝင်လိုင်စင်နဲ့ ရယူသုံးစွဲခွင့် မရတာဘဲ ဖြစ်ပါတယ်။

ထရမ့်အစိုးရကတော့ Huawei ကထုတ်လုပ်ရောင်းချထားတဲ့ အစိတ်အပိုင်းတွေဟာ နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ပေးနိုင်တာကြောင့် အသုံးမပြုဖို့အပြင် နှစ်နိုင်ငံအကြား ထပ်မံပြောဆိုဆွေးနွေးမှု ပြုလုပ်ပြီး ဆုံးဖြတ်ချက်တစ်ခု ထွက်မလာခင်မှာ ကုန်သွယ်မှု မပြုလုပ်ဖို့ တားမြစ်ထားတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် Huawei ဟာ Android နေရာမှာ အစားထိုးမယ့် OS ကို အစောကတည်းက ပိုင်ဆိုင်ထားပြီးဖြစ်တာကို Google က စိုးရိမ်နေပါတယ်။ တရုတ်ကုမ္ပဏီကဖန်တီးလိုက်တဲ့ Android forked version ကြောင့် ထိုးဖောက်တိုက်ခိုက်ခံရမှုတွေ ပိုပြီးဖြစ်ပွားလာနိုင်တဲ့ အခြေအနေအပေါ် Google က စိုးရိမ်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Google ဟာ Huawei နဲ့အတူ ဆက်လက်ပူးတွဲလုပ်ဆောင်ဖို့အတွက် အမေရိကန်နဲ့ ညှိနှိုင်းဆွေးနွေးနေတယ်လို့ သိရပါတယ်။ အကြောင်းအရင်းကတော့ Operating System အသစ်တစ်ခု ထပ်မံထွက်ပေါ်လာရင် Google တစ်ဦးတည်းပိုင်ဆိုင်တဲ့ Android စျေးကွက်ကို ထိခိုက်စေနိုင်ပြီးGoogle ရဲ့ စျေးကွက် ရှယ်ယာတွေ လျော့နည်းသွားနိုင်လို့ ဖြစ်ပါတယ်။

မူလအစစ်အမှန် Google licensed version နဲ့ Huawei ရဲ့ “hybrid” version (ပေါင်းစပ်ထားတဲ့ ပုံစံ) ဆိုပြီး Android ပုံစံနှစ်မျိုးဖြစ်ပေါ်လာမှာ ကို Google က စိုးရိမ်နေတာကြောင်း သတင်းထွက်ပေါ်လာပါတယ်။ ဒီနောက်မှာတော့ Bugs တွေပိုမိုပေါ်ပေါက်လာပြီး ဟက်ကာတွေအတွက် ပိုကောင်းတဲ့ လမ်းစတွေလည်း ပေါ်ပေါက်လာနိုင်မယ်လို့ Google က ဆိုပါတယ်။

အကျိုးဆက်အားဖြင့် အမေရိကန်အပါအဝင်၊ ကမ္ဘာတစ်ဝန်းလုံးက Huawei ဟန်းဆက် ကိုင်ဆောင်ထားတဲ့ သန်းပေါင်းများစွာသော Google user တွေရဲ့ လုံခြုံမှုကို ထိခိုက်လာစေနိုင်မှာဖြစ်ပါတယ်။ Google နဲ့နီးစပ်တဲ့ ကုမ္ပဏီတစ်ခုကတော့ သူတို့ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး အုပ်ချုပ်မှုပိုင်းဆိုင်ရာနဲ့ တွေ့ဆုံညှိနှိုင်းနေတုန်း ဖြစ်တယ်လို့ သိရပါတယ်။

Ref: GSMArena