Zawgyi

Huawei ကုမၸဏီဟာ ၿပီးခဲ့တဲ့အပတ္က EMUI 10 ကို မိတ္ဆက္ေပးခဲ့ၿပီး ယခုအခါ ဘယ္စမတ္ဖုန္းေတြမွာ စတင္သုံးစြဲႏုိင္မယ္ဆုိတဲ့ Road Map ကုိ ပထမဆုံးအႀကိမ္ ထုတ္ေပးလာပါၿပီ။ Huawei P30 နဲ႔ P30 Pro တုိ႔ဟာ အေစာပုိင္း ဘီတာကာလမွာ ရရွိႏုိင္မယ့္ ပထမဆုံးဟန္းဆက္ႏွစ္ခုျဖစ္ၿပီး စက္တင္ဘာလ ၈ ရက္ေန႔မွာ စတင္ သုံးစြဲႏုိင္မွာပါ။

Mate 20 ထုတ္ကုန္လိုင္းကေတာ့ စက္တင္ဘာလအတြင္းမွာပဲ အနည္းငယ္ေနာက္က်ၿပီးမွ ရယူသုံးစြဲႏုိင္မွာျဖစ္ကာ Honor ဟန္းဆက္ေလးခုကလည္း EMUI အသစ္ကို ျပန္လည္နာမည္ေျပာင္းထားတဲ့ Magic UI 3.0 ကို တစ္ခ်ိန္တည္းရရွိမွာ ျဖစ္ပါတယ္။

EMUI အသစ္ေျပာင္းလဲျခင္းရဲ႕ အဓိက Feature ကေတာ့ သုံးစြဲသူေတြရဲ႕ Privacy ကို ပိုၿပီးကာကြယ္ေပးဖို႔ ျဖစ္ပါတယ္။ ေနာက္ထပ္ Upgrade ေတြကေတာ့ Huawei ဟန္းဆက္တစ္ခုကေန ေနာက္တစ္ခုကို ဖုန္းေခၚဆုိေနခ်ိန္အတြင္း ဓါတ္ပုံေတြ ေပးပုိ႔ႏုိင္ဖို႔၊ ဒရုန္းယာဥ္ကေန Live-streaming ျပဳလုပ္ႏုိင္စြမ္း စတာေတြ ပါဝင္ပါတယ္။

အေစာပိုင္း EMUI 10 Beta အဆင့္မွာ ရရွိသုံးစြဲႏုိင္မယ့္ ဟန္းဆက္ေတြနဲ႔ ထုတ္လႊင့္ေပးမယ့္ရက္ေတြကေတာ့ ေအာက္ပါအတုိင္းျဖစ္ပါတယ္။

စက္တင္ဘာ ၈ ရက္ေန႔ – Huawei P30, Huawei P30 Pro

စက္တင္ဘာလေႏွာင္းပိုင္း – Huawei Mate 20, Mate 20 Pro, Mate 20 X, mate 20 RS Porsche Design

စက္တင္ဘာလေႏွာင္းပိုင္းထဲမွာပဲ Magic UI 3.0 အေနနဲ႔ ရရွိႏုိင္မယ့္ Honor ဖုန္းေတြကေတာ့ Huawei Honor 20, Honor 20 Pro, Honor V20 နဲ႔ Honor Magic 2 တုိ႔ျဖစ္ပါတယ္။

တရုတ္အေျခစုိက္ကုမၸဏီႀကီးဟာ Global ဗားရွင္းစမတ္ဖုန္းေတြအတြက္ Stable UI ကို ထုတ္လႊင့္ေပးဖို႔ အတြက္ေတာ့ Beta ဗားရွင္းနဲ႔အတူ အခ်ိန္အနည္းငယ္ယူဖို႔ လုိပါေသးတယ္။ ဒါေၾကာင့္ ပထမဆုံး EMUI 10 အသုံးျပဳကာ ထြက္ေပၚလာမယ့္ ဖုန္းေတြက Mate 30 စီးရီး အဖြဲ႕ဝင္ေတြ အျဖစ္ႏုိင္ဆုံးပါ။

Ref – GSM Arena

Unicode

Huawei ကုမ္ပဏီဟာ ပြီးခဲ့တဲ့အပတ်က EMUI 10 ကို မိတ်ဆက်ပေးခဲ့ပြီး ယခုအခါ ဘယ်စမတ်ဖုန်းတွေမှာ စတင်သုံးစွဲနိုင်မယ်ဆိုတဲ့ Road Map ကို ပထမဆုံးအကြိမ် ထုတ်ပေးလာပါပြီ။ Huawei P30 နဲ့ P30 Pro တို့ဟာ အစောပိုင်း ဘီတာကာလမှာ ရရှိနိုင်မယ့် ပထမဆုံးဟန်းဆက်နှစ်ခုဖြစ်ပြီး စက်တင်ဘာလ ၈ ရက်နေ့မှာ စတင် သုံးစွဲနိုင်မှာပါ။

Mate 20 ထုတ်ကုန်လိုင်းကတော့ စက်တင်ဘာလအတွင်းမှာပဲ အနည်းငယ်နောက်ကျပြီးမှ ရယူသုံးစွဲနိုင်မှာဖြစ်ကာ Honor ဟန်းဆက်လေးခုကလည်း EMUI အသစ်ကို ပြန်လည်နာမည်ပြောင်းထားတဲ့ Magic UI 3.0 ကို တစ်ချိန်တည်းရရှိမှာ ဖြစ်ပါတယ်။

EMUI အသစ်ပြောင်းလဲခြင်းရဲ့ အဓိက Feature ကတော့ သုံးစွဲသူတွေရဲ့ Privacy ကို ပိုပြီးကာကွယ်ပေးဖို့ ဖြစ်ပါတယ်။ နောက်ထပ် Upgrade တွေကတော့ Huawei ဟန်းဆက်တစ်ခုကနေ နောက်တစ်ခုကို ဖုန်းခေါ်ဆိုနေချိန်အတွင်း ဓါတ်ပုံတွေ ပေးပို့နိုင်ဖို့၊ ဒရုန်းယာဉ်ကနေ Live-streaming ပြုလုပ်နိုင်စွမ်း စတာတွေ ပါဝင်ပါတယ်။

အစောပိုင်း EMUI 10 Beta အဆင့်မှာ ရရှိသုံးစွဲနိုင်မယ့် ဟန်းဆက်တွေနဲ့ ထုတ်လွှင့်ပေးမယ့်ရက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

စက်တင်ဘာ ၈ ရက်နေ့ – Huawei P30, Huawei P30 Pro

စက်တင်ဘာလနှောင်းပိုင်း – Huawei Mate 20, Mate 20 Pro, Mate 20 X, mate 20 RS Porsche Design

စက်တင်ဘာလနှောင်းပိုင်းထဲမှာပဲ Magic UI 3.0 အနေနဲ့ ရရှိနိုင်မယ့် Honor ဖုန်းတွေကတော့ Huawei Honor 20, Honor 20 Pro, Honor V20 နဲ့ Honor Magic 2 တို့ဖြစ်ပါတယ်။

တရုတ်အခြေစိုက်ကုမ္ပဏီကြီးဟာ Global ဗားရှင်းစမတ်ဖုန်းတွေအတွက် Stable UI ကို ထုတ်လွှင့်ပေးဖို့ အတွက်တော့ Beta ဗားရှင်းနဲ့အတူ အချိန်အနည်းငယ်ယူဖို့ လိုပါသေးတယ်။ ဒါကြောင့် ပထမဆုံး EMUI 10 အသုံးပြုကာ ထွက်ပေါ်လာမယ့် ဖုန်းတွေက Mate 30 စီးရီး အဖွဲ့ဝင်တွေ အဖြစ်နိုင်ဆုံးပါ။

Ref – GSM Arena