[Zawgyi]

Huawei က ေခတ္စားေနတဲ့ Punch-hole Display ပါတဲ့ MatePad Pro ကို ေၾကညာလိုက္ပါတယ္။ စြမ္းရည္ျမင့္ တက္ဘလက္ ျဖစ္ၿပီး iPad Pro နဲ႔ Samsung Galaxy Tab S6 တို႔ကို ဖိုက္မယ့္ တက္ဘလက္ပါ။ MatePad Pro မွာ ၁၀.၈ လက္မ 2560x1600p AMOLED Display တပ္ဆင္ထားၿပီး 16:10 Aspect Ratio ျဖစ္ပါတယ္။ Display ရဲ႕ ေဘးေဘာင္ေတြက ၄.၉ မီလီမီတာပဲ ရွိတဲ့ အတြက္ Screen-to-body Ratio က ၉၀ ရာခုိင္ႏႈန္းေတာင္ ရွိတာက အရမ္းမိုက္ပါတယ္။ 8MP Punch-hole Selfie Camera ထည့္သြင္းထားပါတယ္။ အေနာက္ဘက္မွာ PDAF ပါတဲ့ 13MP Camera ပါပါတယ္။ စပီကာ ၄ လံုးေတာင္ ပါတဲ့အတြက္ အသံထြက္က လန္ထြက္ေနမွာပါ။

MatePad Pro မွာ Kirin 990 SoC ေမာင္းႏွင္ထားၿပီး WiFi နဲ႔ LTE Version ေတြ ထုတ္လုပ္ထားပါတယ္။ Android 10 အေျချပဳ EMUI 10 ေမာင္းႏွင္ထားပါတယ္။ Google Mobile Services Suite ေတာ့ မပါပါဘူး။ Multi-window Function နဲ႔ PC Interface ကို သံုးႏုိင္မယ့္ Laptop Mode ပါပါတယ္။ 7,250mAh Battery မွာ 40W Huawei SuperCharge, 15W Wireless Charging နဲ႔ 7.5W Reverse Wireless Charging ေတြ ပါပါတယ္။ ပံုဆြဲ ၊ စာေရးရင္ အရမ္းလန္းတဲ့ Huawei M-Pen Stylus ထည့္ထားပါတယ္။

အျဖဴ၊ အနက္၊ အစိမ္းနဲ႔ လိေမၼာ္ေရာင္ေတြ ထုတ္လုပ္ထားပါတယ္။ တန္ဖိုးအနည္းဆံုး ေမာ္ဒယ္ အေနနဲ႔ 6/128GB WiFi ကို ယြမ္ ၃,၂၉၉ နဲ႔ 6/128GB LTE ကို ယြမ္ ၃,၇၉၉ သတ္မွတ္ထားၿပီး ျမန္မာေငြ ၇၁၀,၀၀၀ နဲ႔ ၈၁၀,၀၀၀ ေလာက္က်သင့္မွာပါ။ တရုတ္မွာ ႀကိဳတင္မွာယူခြင့္ျပဳလိုက္ၿပီ ျဖစ္ၿပီး ဒီဇင္ဘာလ ၁၂ ရက္ေန႔မွာ စေရာင္းမွာပါ။ Huawei က 5G Version ကို လာမယ့္ႏွစ္ ပထမ ၃ လမွာ ေရာင္းမယ္လို႔ ေျပာပါတယ္။

Ref : gsmarena

[Unicode]

Huawei က Punch-hole Display ပါတဲ့ စွမ်းရည်မြင့် MatePad Pro ကို ကြေညာပြီ

Huawei က ခေတ်စားနေတဲ့ Punch-hole Display ပါတဲ့ MatePad Pro ကို ကြေညာလိုက်ပါတယ်။ စွမ်းရည်မြင့် တက်ဘလက် ဖြစ်ပြီး iPad Pro နဲ့ Samsung Galaxy Tab S6 တို့ကို ဖိုက်မယ့် တက်ဘလက်ပါ။ MatePad Pro မှာ ၁၀.၈ လက်မ 2560x1600p AMOLED Display တပ်ဆင်ထားပြီး 16:10 Aspect Ratio ဖြစ်ပါတယ်။ Display ရဲ့ ဘေးဘောင်တွေက ၄.၉ မီလီမီတာပဲ ရှိတဲ့ အတွက် Screen-to-body Ratio က ၉၀ ရာခိုင်နှုန်းတောင် ရှိတာက အရမ်းမိုက်ပါတယ်။ 8MP Punch-hole Selfie Camera ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ PDAF ပါတဲ့ 13MP Camera ပါပါတယ်။ စပီကာ ၄ လုံးတောင် ပါတဲ့အတွက် အသံထွက်က လန်ထွက်နေမှာပါ။

MatePad Pro မှာ Kirin 990 SoC မောင်းနှင်ထားပြီး WiFi နဲ့ LTE Version တွေ ထုတ်လုပ်ထားပါတယ်။ Android 10 အခြေပြု EMUI 10 မောင်းနှင်ထားပါတယ်။ Google Mobile Services Suite တော့ မပါပါဘူး။ Multi-window Function နဲ့ PC Interface ကို သုံးနိုင်မယ့် Laptop Mode ပါပါတယ်။ 7,250mAh Battery မှာ 40W Huawei SuperCharge, 15W Wireless Charging နဲ့ 7.5W Reverse Wireless Charging တွေ ပါပါတယ်။ ပုံဆွဲ ၊ စာရေးရင် အရမ်းလန်းတဲ့ Huawei M-Pen Stylus ထည့်ထားပါတယ်။

အဖြူ၊ အနက်၊ အစိမ်းနဲ့ လိမ္မော်ရောင်တွေ ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ် အနေနဲ့ 6/128GB WiFi ကို ယွမ် ၃,၂၉၉ နဲ့ 6/128GB LTE ကို ယွမ် ၃,၇၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၇၁၀,၀၀၀ နဲ့ ၈၁၀,၀၀၀ လောက်ကျသင့်မှာပါ။ တရုတ်မှာ ကြိုတင်မှာယူခွင့်ပြုလိုက်ပြီ ဖြစ်ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ စရောင်းမှာပါ။ Huawei က 5G Version ကို လာမယ့်နှစ် ပထမ ၃ လမှာ ရောင်းမယ်လို့ ပြောပါတယ်။

Ref : gsmarena