Kirin 980 နဲ့ Huawei AI Cube တို့ရဲ့ ခေတ်ရှေ့ပြေးဒီဇိုင်း နဲ့ အဆင့်မြင့်လုပ်ဆောင်ချက်များကြောင့် consumer tech မီဒီယာများရဲ့ အထူးဂရုပြုမှုအား ရရှိခဲ့

ရန်ကုန် ၊ မြန်မာ – စက်တင်ဘာလ ၄ ရက် – IFA 2018 ရှိ Huawei မှ သူတို့ရဲ့ Kirin 980 ၊ Huawei AI Cube ၊ Locator နဲ့ Huawei P20 အရောင်သစ်များဖြင့် နည်းပညာပိုင်းဆိုင်ရာ မီဒီယာများရဲ့အထူးဂရုပြုမှုအား ရရှိခဲ့ပါတယ်။ Kirin 980 chipset ရဲ့ ကောင်းမွန်သည့်လုပ်ဆောင်ချက်နဲ့ ထိရောက်သည့် စွမ်းအင်တို့အား ပေါင်းစည်းပြီး ကမ္ဘာ့ပထမဆုံးဟူသော အတွေ့အကြုံများအား တီထွင်ထုတ်လုပ်နိုင်မှုကြောင့် ထိပ်တန်းဆု ၇ ခုအား ရရှိခဲ့တာ ဖြစ်ပါတယ်။ Huawei AI Cube ရဲ့ AI အားဖြည့်ထားတဲ့ speaker နဲ့ 4G Router များက များစွာသော လုပ်ငန်းဆောင်တာများလုပ်ဆောင်နိုင်တာကြောင့် အသိအမှတ်ပြုမှုအား ရရှိခဲ့ပါတယ်။ Huawei မှ ဆုပေါင်း ၁၃ ခု ရရှိခဲ့ပြီး သုံးစွဲသူများအား အသိဉာဏ်မြင့်မားသော ၊ အင်အားကြီးမားသော၊ ထိရောက်မှုရှိသော high-end consumer device များကို ထုတ်လုပ်ကာ ချိတ်ဆက်မှုအရှိဆုံးသော လူနေမှုဘဝ ကို ပေးစွမ်းသွားမည်ဟူသော ဆုံးဖြတ်ချက်ကို ထင်ဟပ်ပြသလိုက်ခြင်းဖြစ်ပါတယ်။

အောက်ဖော်ပြပါဆုတွေကတော့ Huawei မှ ရရှိခဲ့တဲ့ ဆုတံဆိပ်များဖြစ်သည်။

Android Authority မှ Kirin 980 အား “Best of IFA 2018” ဆုအား ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။အဆိုပါ High-End Chipset အသစ်ဟာ အံ့သြသင့်ဖွယ်ကောင်းတယ့် လုပ်ဆောင်ချက်နဲ့ စွမ်းအင်ထိရောက်မှုတို့ကြောင့် ချီးကျူးပြောဆိုမှုများကို ရရှိခဲ့ပါတယ်။ Android Authority က လစဉ်ဖတ်ရှုသူဦးရေ သန်း ၅၀ ကျော် ရှိတယ့် global publication တစ်ခုဖြစ်ပြီး ကမ္ဘာ့လူသုံးအများဆုံး operation system တစ်ခုဖြစ်တယ့် Android နဲ့ ပတ်သက်သည့်အကြောင်းအရာများအား ဝေမျှပေးလျှက်ရှိပါတယ်။

Digital Trends မှ Kirin 980 အား “Editor’s Choice” နဲ့ “Best of IFA 2018” ဟူ၍ ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။ အဆိုပါ chipset ဟာ အံ့သြသင့်ဖွယ်ကောင်းသော Kirin 970 နှင့် ယှဉ်လျှင် သိသာထင်ရှားသည့် တိုးတက်ပြောင်းလဲလာမှု နှင့်အတူ လွန်စွာမြန်ဆန်သော အချက်ကြောင့် အသိအမှတ်ပြုမှုများစွာကိုရရှိခဲ့ပါတယ်။ Digital Trends ဟာ နည်းပညာသတင်း နဲ့ပတ်သတ်တဲ့ သုံးသပ်ချက်များအား ဝေမျှပေးနေသည့် လစဉ် ဖတ်ရှုသူပေါင်း ၂၅ မီလီယံ ကျော်ရှိသော အဆင့်မြင့် သတင်းအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။

Expert Reviews က Kirin 980 အား “Best of IFA 2018” ဆု ချီးမြှင့်ခဲ့ပြီး 7nm ဖန်တီးသည့်လုပ်ငန်းစဉ်ဖြင့် ထုတ်လုပ်ထားသည့် ကမ္ဘာ့ပထမဆုံး Full SoC ဖြစ်သည့်အပြင် ဓာတ်ပုံရိုက်ကူးခြင်း နှင့် ဗီဒီယိုရိုက်ကူးခြင်း တို့၌ သိသာသည့် ပြောင်းလဲမှုများကို သယ်ဆောင်လာနိုင်ခြင်းကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ Expert Reviews ဟာ လွှမ်းမိုးမှုရှိပြီး အမှီအခိုကင်းမဲ့သည့် နည်းပညာပိုင်းဆိုင်ရာ သုံးသပ်မှုများ ပြုလုပ်လျှက်ရှိသည့် သတင်းအရင်းအမြစ်ဖြစ်ပြီး သုံးစွဲသူများအား မှန်ကန်သင့်တော်သည့် ထုတ်ကုန်များ ရွေးချယ်ဝယ်ယူနိုင်ရန် ကူညီပေးလျှက်ရှိပါတယ်။ Expert Reviews မှာ လစဉ်ကြည့်ရှုသူပေါင်း ၇ မီလီယံရှိသည်။

T3 က Kirin 980 အား “Innovation Award” အားပေးအပ်ခဲ့ပါတယ်။ သိသာတိုးတက်လာသော processing power နှင့် efficiency ကြောင့် ပိုမိုမြန်ဆန်တဲ့ ဖုန်း ၊ ပိုမိုကောင်းမွန်တဲ့ ဘက်ထ္ထရီသက်တမ်း နှင့် ပိုမိုကောင်းမွန်သော သုံးစွဲသူအတွေ့အကြုံများပေးအပ်လာနိုင်ခဲ့သည် ဟု ကောက်ချက်ချခဲ့ပါတယ်။ T3 ဟာ နောက်ဆုံးပေါ် gadget နှင့် နည်းပညာပိုင်းဆိုင်ရာ သတင်းများ၊ သုံးသပ်ချက်များ ၊ ဝယ်ယူသူများအတွက် လမ်းညွှန်ချက်များအား ဖော်ပြလေ့ရှိပြီး စမတ်ဖုန်း ၊ လက်ပ်တော့ ၊ audio ၊ ဂိမ်း ၊ ကျန်းမာရေး နှင့် အခြားသော အကြောင်းအရာများအကြောင်းအား ဝေမျှပေးနေပါတယ်။

TechRadar က Huawei AI Cube အား “Best Smart Speaker” ဆုအား ပေးအပ်ခဲ့ပြီး အဆိုပါ ဆုမှာ၎င်းတို့ရဲ့ “မေးခွန်းများ ပြန်လည်ဖြေဆိုနိုင်စွမ်း ၊ smart home device များအား ထိန်းချုပ်နိုင်စွမ်း ၊ သီချင်းဖွင့်လှစ်နိုင်စွမ်း နှင့် အခြားသော ကျွမ်းကျင်မှုပေါင်း ၅၀,၀၀၀ ကျော်အား အသုံးပြုနိုင်ခွင့်” တို့ကြောင့် ဖြစ်ပါတယ်။ Tech Radar ဟာ နည်းပညာ နှင့် ပတ်သတ်သည့် သတင်းအကြောင်းအရာများအား ဝေမျှပေးနေတယ့် online သတင်းအရစ်အမြစ်တစ်ခုဖြစ်ပြီး တစ်လလျှင် ကြည့်ရှုသူပေါင်း ၄၇.၃ မီလီယံ ကျော်ရှိပါတယ်။

Android Headlines က Kirin 980 အား “Best of IFA 2018” ဆုအား ပေးအပ်ခဲ့ပြီး အဆိုပါဆုမှာ အရွယ်အစားသေးငယ်သော chipset တစ်ခုထဲမှ များစွာသော အကျိုးသက်ရောက်မှုများအား သယ်ဆောင်လာနိုင်သောကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင်ျမ်းအင်အရင်းအမြစ်များစွာကို မကုန်ဆုံးစေဘဲ များစွာသောလုပ်ဆောင်ချက်တွေကို လုပ်ကိုင်နိုင်သောကြောင့်လည်း ချီးမွှန်းပြောဆိုမှုများကို ရရှိခဲ့ပါတယ်။ Android Headlines ဟာ global website တစ်ခုဖြစ်ပြီး android နှင့် ပတ်သတ်သည့် သတင်းများ၊ နည်းပညာနှင့် ပတ်သတ်သည့်ျုးသပ်ချက်များ နှင့် စီးပွားရေးဆိုင်ရာ ခေါင်းစဉ်များအား ဝေမျှလျှက်ရှိပါတယ်။ Android Headlines မှာ ကြည့်ရှုသူဦးရေပေါင်း ၃.၈၃ မီလီယံ ရှိပါတယ်။

Gear Diary က Huawei AI Cube အား “Best of IFA 2018” ဆုအား ပေးအပ်ခဲ့ပြီး ၎င်း၏ လွန်စွာကောင်းမွန်သည့်အသံ ၊ aluminum diaphragm နှင့် 400ml sound cavity တို့ကြောင့်ဖြစ်ပါတယ်။ Gear Diary မှ အဆိုပါ AI Cube မှ များစွာသော ချိတ်ဆက်မှုအမျိုးမျိုးကို နှင့် ကောင်းမွန်သည့် အသံအရည်အသွေးအားလည်း မျှော်လင့်နိုင်ကြောင်းပြောကြားခဲ့ပါတယ်။ Gear Diary ဟာ US အခြေပြု website တစ်ခုဖြစ်ပြီး ၎င်း၏ ဖတ်ရှုသူများအား နည်းပညာနှင့် ပတ်သတ်သော သတင်းအချက်အလက်များအား နားလည်ရလွယ်ကူသည့် ရှင်းပြချက်များဖြင့် ဝေမျှနေခြင်းဖြစ်ပါတယ်။ Gear Diary မှာ လစဉ် ဖတ်ရှုသူဦးရေပေါင်း 149,840 ရှိသည်။

GadgetMatch မှ Huawei Locator အား “Best of IFA 2018” အဖြစ် သတ်မှတ်ခဲ့ပြီး ၎င်း၏ ကြာရှည်စွာ အသုံးခံမှု နှင့် ကမ္ဘာ့အဆင့်မှီ အညွှန်းဂြိုလ်တုစနစ်များဖြင့် ချိတ်ဆက်နိုင်မှုတို့ကြောင့် ချီးကျူးမှုများရရှိခဲ့ပါတယ်။

GadgetMatch မှ Kirin 980 အား “Best of IFA 2018” ဆုအား ချီးမြှင့်ခဲ့ပြီး Huawei မှ Artificial Intelligence ထည့်သွင်းထားသည့် ထုတ်ကုန်များအား အလေးပေးဆောင်ရွက်နေကြောင်းကို ပြောကြားခဲ့ပြီး Dual-NPU အကြောင်းအားလည်း မီးမောင်းထိုးပြခဲ့ပါတယ်။

GadgetMatch မှ Huawei P20 Pro leather variant ရဲ့ “simplicity and texture ကြောင့်“Best of IFA 2018” အဖြစ် ရွေးချယ်ခဲ့ပြီး မည်သည့်အဆင်တန်ဆာနှင့်မဆို ကြည့်ကောင်းမည့်ဒီဇိုင်းဖြစ်ကြောင်း ကောက်ချက်ချခဲ့ပါတယ်။ GadgetMatch က ဦးဆောင် multi-platform media company တစ်ခုဖြစ်ပြီး နည်းပညာနှင့် ပတ်သတ်သည့် သီတင်းများ ၊ သုံးသပ်ချက်များ နှင့် ဗီဒီယို များအား ပြုလုပ်လျက်ရှိပြီး သုံးစွဲသူများအား မှန်ကန်သည့် ထုတ်ကုန်များကို ကူညီရွေးချယ်ပေးနေသည့် သတင်းအရစ်အမြစ်တစ်ခုဖြစ်ပါတယ်။ GadgetMatch မှာ လစဉ်ကြည့်ရှုသူ 309,673 ရှိပါတယ်။

Talk Android က Huawei Ai Cube အား “Best of IFA 2018” စာရင်းတွင် ထည့်သွင်းခဲ့ပြီး အကြောင်းအရင်းမှာ စမတ်နှင့် အခြားသော ထုတ်ကုန်များဖြင့် ချိတ်ဆက်နိုင်စွမ်း နှင့် လွန်စွာကောင်းမွန်သည့် အသံအရည်အသွေးကြောင့်ဖြစ်ပါတယ်။Talk Android သည် US အခြေပြု website တစ်ခုဖြစ်ပြီး Google နှင့် Android platform များ အကြောင်းအား ဝေမျှပေးနေသည့် ကြည့်ရှုသူ 400,000 ကျော်ရှိသော သတင်းအရစ်အမြစ်တစ်ခုဖြစ်ပါတယ်။

TechSpot က Kirin 980 အား “Best of IFA 2018” ဆုအား ပေးအပ်ခဲ့ပြီး သေးငယ်လှပပြီး အံ့သြသင့်ဖွယ် လုပ်ဆောင်ချက်များစွာ ပါဝင်မှုကြောင့်ဖြစ်ပါတယ်။ Techspot ဟာ computer နှင့် နည်းပညာပိုင်းဆိုင်ရာ အကြောင်းအရာများကို ဝေမျှပေးလျှက်ရှိပြီး နည်းပညာအကြောင်း စိတ်အားထက်သန်သူများမှ နေ့စဉ် ဝင်ရောက်လေ့လာနေသည့် အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ TechSpot မှာ ကြည့်ရှုသူပေါင်း ၆ မီလီယံ ကျော်ရှိပါတယ်။

 

IFA 2018 မှာ Huawei က European Image and Sound Association (EISA) ဆုအား ရရှိခဲ့ပါတယ်။ Huawei P20 Pro မှ “EISA Best Smartphone 2018-2019” အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပြီး ၎င်းမှာ Huawei ရဲ့ ဒီဇိုင်း၊ အရည်အသွေး နှင့် လုပ်ဆောင်မှုပိုင်းများတွင် အကောင်းဆုံးပေးစွမ်းလိုသော ဆုံးဖြတ်ချက်အား အသိအမှတ်ပြုမှု နှင့် စတိုင်ကျပြီး အင်အားကြီးမားသည့် ထုတ်ကုန်များအား အစဉ်တစ်စိုက် ဖန်တီးနေမှုတို့ကြောင်ဖြစ်ပါတယ်။