[Zawgyi]

လက္ရွိမွာေတာ့ 5G  သံုးႏိုင္တဲ့ ေဒသ အနည္းငယ္ပဲ ရွိပါေသးတယ္။ ဒါေပမယ့္ Huawei ကေတာ့ 6G ကို စတင္ ဖန္တီးေနပါၿပီ။ Ottawa က ကုမၸဏီရဲ႕ Labs မွာ ဆဌမမ်ိဳးဆက္ ကြန္ရက္ကို စတင္ သုေတသန ျပဳလုပ္ေနပါတယ္။ Huawei ဟာ တကၠသိုလ္နဲ႔ အဖြဲ႕အစည္းေပါင္း ၁၃ ခုေက်ာ္နဲ႔ ပူးေပါင္းၿပီး 6G ကို ဖန္တီးႏိုင္မယ့္ နည္းလမ္းေတြကို ရွာေဖြေနတယ္လို႔ သတင္းထြက္ေနပါတယ္။ Huawei က 6G နည္းပညာကို ၂၀၃၀ ခုႏွစ္ မတိုင္ခင္မွာ စီးပြားျဖစ္ ၀န္ေဆာင္မႈ ေပးႏိုင္မွာ မဟုတ္ဘူးလို႔ ခန္႔မွန္းထားပါတယ္။

ဒီႏွစ္အေစာပိုင္းကလည္း Samsung ဟာ ဆိုးလ္က သူ႔ရဲ႕ သုေတသန စင္တာမွာ 6G ကို သုေတသန ျပဳလုပ္ေနတယ္ဆိုတဲ့ သတင္းထြက္လာပါေသးတယ္။ ေနာက္မ်ိဳးဆက္ မိုဘိုင္း ဆက္သြယ္ေရး နည္းပညာမွာ ထိပ္တန္းေရာက္ဖို႔ ကုမၸဏီေတြက အၿပိဳင္အဆိုင္ ႀကိဳးစားေနၾကပါတယ္။ Huawei ကလည္း ဒီ ၿပိဳင္ပြဲမွာ ေနာက္က်က်န္ေနမွာ မဟုတ္ပါဘူး။

ဇြန္လမွာ Nokia , Ericsson နဲ႔ SK Telecom တို႔က 6G နည္းပညာကို ဖန္တီးဖို႔ ပူးေပါင္းေဆာင္ရြက္မယ္လို႔ ေၾကညာခဲ့ပါတယ္။ လက္ရွိမွာ 6G ကြန္ရက္ နည္းပညာအတြက္ စံႏႈန္းေတြကို မသတ္မွတ္ရေသးပါဘူး။ 6G ကြန္ရက္ နည္းပညာဟာလည္း အေစာပိုင္း အဆင့္မွာသာ ရွိပါေသးတယ္။ သီအိုရီပိုင္းေလာက္သာ သုေတသနျပဳလုပ္ေနၾကတာ ျဖစ္ၿပီး လက္ေတြ႕ လုပ္ေဆာင္တာ မဟုတ္ေသးပါဘူး။

Ref : gsmarena

[Unicode]

Huawei က 6G ကွန်ရက်ကို ဖန်တီးနေ

လက်ရှိမှာတော့ 5G သုံးနိုင်တဲ့ ဒေသ အနည်းငယ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် Huawei ကတော့ 6G ကို စတင် ဖန်တီးနေပါပြီ။ Ottawa က ကုမ္ပဏီရဲ့ Labs မှာ ဆဌမမျိုးဆက် ကွန်ရက်ကို စတင် သုတေသန ပြုလုပ်နေပါတယ်။ Huawei ဟာ တက္ကသိုလ်နဲ့ အဖွဲ့အစည်းပေါင်း ၁၃ ခုကျော်နဲ့ ပူးပေါင်းပြီး 6G ကို ဖန်တီးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေတယ်လို့ သတင်းထွက်နေပါတယ်။ Huawei က 6G နည်းပညာကို ၂၀၃၀ ခုနှစ် မတိုင်ခင်မှာ စီးပွားဖြစ် ဝန်ဆောင်မှု ပေးနိုင်မှာ မဟုတ်ဘူးလို့ ခန့်မှန်းထားပါတယ်။

ဒီနှစ်အစောပိုင်းကလည်း Samsung ဟာ ဆိုးလ်က သူ့ရဲ့ သုတေသန စင်တာမှာ 6G ကို သုတေသန ပြုလုပ်နေတယ်ဆိုတဲ့ သတင်းထွက်လာပါသေးတယ်။ နောက်မျိုးဆက် မိုဘိုင်း ဆက်သွယ်ရေး နည်းပညာမှာ ထိပ်တန်းရောက်ဖို့ ကုမ္ပဏီတွေက အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။ Huawei ကလည်း ဒီ ပြိုင်ပွဲမှာ နောက်ကျကျန်နေမှာ မဟုတ်ပါဘူး။

ဇွန်လမှာ Nokia , Ericsson နဲ့ SK Telecom တို့က 6G နည်းပညာကို ဖန်တီးဖို့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာခဲ့ပါတယ်။ လက်ရှိမှာ 6G ကွန်ရက် နည်းပညာအတွက် စံနှုန်းတွေကို မသတ်မှတ်ရသေးပါဘူး။ 6G ကွန်ရက် နည်းပညာဟာလည်း အစောပိုင်း အဆင့်မှာသာ ရှိပါသေးတယ်။ သီအိုရီပိုင်းလောက်သာ သုတေသနပြုလုပ်နေကြတာ ဖြစ်ပြီး လက်တွေ့ လုပ်ဆောင်တာ မဟုတ်သေးပါဘူး။

Ref : gsmarena