[Zawgyi]

Huawei ဟာ ၿပီးခဲ့တဲ့ ရက္တုန္းက ပဲရစ္မွာ P30 နဲ႔ P30 Pro ေတြကို ေၾကညာခဲ့ပါတယ္။ စမတ္ဖုန္း ႏွစ္မ်ိဳးလုံးက Kirin 980 SoC ကိုပဲသုံးထားတာပါ။ ဒါေၾကာင့္ Xiaomi ကေတာင္ Meme နဲ႔ Huawei P30 series ကို ေလွာင္ေျပာင္ခဲ့ပါေသးတယ္။

Huawei P30 နဲ႔ P30 Pro တို႔ဟာ SoC ခ်င္းအတူတူပဲျဖစ္သလို အစိတ္အပိုင္းအေတာ္မ်ားမ်ားလည္း တူညီၾကပါတယ္။ ဥပမာ အ႐ြယ္အစား၊ အေလးခ်ိန္၊ မ်က္ႏွာျပင္ စတာမ်ိဳးေတြေလာက္နဲ႔ အျခားအခ်က္အလက္ အနည္းငယ္ပဲ ကြာျခားၾကတာပါ။ ဒီကြာျခားခ်က္ေတြထဲမွာ Wireless Charging စနစ္ လည္းပါဝင္ပါတယ္။

P30 Pro မွာ Wireless Charging စနစ္ပါဝင္ေပမယ့္ P30 မွာေတာ့ မပါဝင္ပါဘူး။ ဒီအတြက္ Huawei က Wireless Charging စနစ္အသုံးျပဳႏိုင္မယ့္ Case ကို ထုတ္ေရာင္းလိုက္တာ ျဖစ္ပါတယ္။ ဒီ Wireless Charging Case ဟာ ေအာက္ေျခမွာ သံလိုက္နဲ႔ျဖစ္ပါတယ္။ ဒါေၾကာင့္ ကားေပၚမွာ သုံးေလ့ရွိတဲ့ Phone holder မ်ိဳးနဲ႔ ေကာင္းေကာင္း တြဲခ်ိတ္ႏိုင္မွာပါ။

အခု ထုတ္ထားတဲ့ Wireless Charging Case ဟာ Qi ကို အေျခခံထားတာျဖစ္ၿပီး 10W ပဲေထာက္ပံ့ေပးတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ P30 Pro ရဲ႕ 15W Wireless Charging ေလာက္ေတာ့ ရင္ခုန္စရာမေကာင္းဘူးလို႔ ဆိုရမွာပါ။ လက္ရွိအခ်ိန္မွာေတာ့ ဒီ Wireless Charging Case ကို Huawei ရဲ႕ Website မွာ List လုပ္ထားေပမယ့္ ေဈးႏႈန္းဘယ္ေလာက္ျဖစ္မယ္၊ ဘယ္ေတာ့ေလာက္ရမယ္ဆိုတာကိုေတာ့ မသိရေသးပါဘူး။

Ref: GSMArena

[Unicode]

P30 အတွက် Wireless Charging Case ထုတ်ထားတဲ့ Huawei

Huawei ဟာ ပြီးခဲ့တဲ့ ရက်တုန်းက ပဲရစ်မှာ P30 နဲ့ P30 Pro တွေကို ကြေညာခဲ့ပါတယ်။ စမတ်ဖုန်း နှစ်မျိုးလုံးက Kirin 980 SoC ကိုပဲသုံးထားတာပါ။ ဒါကြောင့် Xiaomi ကတောင် Meme နဲ့ Huawei P30 series ကို လှောင်ပြောင်ခဲ့ပါသေးတယ်။

Huawei P30 နဲ့ P30 Pro တို့ဟာ SoC ချင်းအတူတူပဲဖြစ်သလို အစိတ်အပိုင်းအတော်များများလည်း တူညီကြပါတယ်။ ဥပမာ အရွယ်အစား၊ အလေးချိန်၊ မျက်နှာပြင် စတာမျိုးတွေလောက်နဲ့ အခြားအချက်အလက် အနည်းငယ်ပဲ ကွာခြားကြတာပါ။ ဒီကွာခြားချက်တွေထဲမှာ Wireless Charging စနစ် လည်းပါဝင်ပါတယ်။

P30 Pro မှာ Wireless Charging စနစ်ပါဝင်ပေမယ့် P30 မှာတော့ မပါဝင်ပါဘူး။ ဒီအတွက် Huawei က Wireless Charging စနစ်အသုံးပြုနိုင်မယ့် Case ကို ထုတ်ရောင်းလိုက်တာ ဖြစ်ပါတယ်။ ဒီ Wireless Charging Case ဟာ အောက်ခြေမှာ သံလိုက်နဲ့ဖြစ်ပါတယ်။ ဒါကြောင့် ကားပေါ်မှာ သုံးလေ့ရှိတဲ့ Phone holder မျိုးနဲ့ ကောင်းကောင်း တွဲချိတ်နိုင်မှာပါ။

အခု ထုတ်ထားတဲ့ Wireless Charging Case ဟာ Qi ကို အခြေခံထားတာဖြစ်ပြီး 10W ပဲထောက်ပံ့ပေးတယ်လို့ သိရပါတယ်။ ဒါကြောင့် P30 Pro ရဲ့ 15W Wireless Charging လောက်တော့ ရင်ခုန်စရာမကောင်းဘူးလို့ ဆိုရမှာပါ။ လက်ရှိအချိန်မှာတော့ ဒီ Wireless Charging Case ကို Huawei ရဲ့ Website မှာ List လုပ်ထားပေမယ့် ဈေးနှုန်းဘယ်လောက်ဖြစ်မယ်၊ ဘယ်တော့လောက်ရမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

Ref: GSMArena